News and Activities
လက်ထောက်ညွှန်ကြားရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းအမှတ်စဉ် (၃ /၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ၅-၁-၂၀၂၃ ရက်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းမိသားစု အားကစားပြိုင်ပွဲများကို ၃-၁-၂၀၂၃ ရက်နေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းရှေ့၌ ကျင်းပခဲ့သည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၂၅) ကို “နိုင်ငံ့ဝန်ထမ်းတိုင်း သိရှိလိုက်နာကျင့်သုံးရမည့် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်နည်းဥပဒေများ” ခေါင်းစဉ်ဖြင့် ၂၉-၁၂-၂၀၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်သင်တန်းကျောင်းတွင် မြန်မာနိုင်ငံစာရင်းကောင်စီမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် ဒီပလိုမာစာရင်းကိုင် (Diploma in Accountancy - DA) (ဒုတိယပိုင်း) သင်တန်း၊ အမှတ်စဉ် - ၄၀ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၈-၁၂-၂၀၂၂ ရက်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဦးတင်ဦး တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။
မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများအသင်း၏ ဒုတိယအကြိမ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ရန်ကုန်မြို့၊ မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများအသင်းက ဦးဆောင်၍ ၂၇-၁၂-၂၀၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ဗီဒီယိုကွန်းဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများကြီးကြပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးက Video Message ပေးပို့၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
မြန်မာနိုင်ငံစာရင်းကောင်စီ နှစ် (၅၀) ပြည့် ရွှေရတုအအထိမ်းအမှတ် အခမ်းအနားကို ၁၆-၁၂-၂၀၂၂ ရက်နေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။
မြန်မာနိုင်ငံစာရင်းကောင်စီ နှစ် (၅၀) ပြည့် ရွှေရတုအအထိမ်းအမှတ် အကြိုစာတမ်း ဖတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၅ ရက်ထိ နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။






