OFFICE OF THE AUDITOR GENERAL OF THE UNION

 

၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်းဆင်းပွဲ

၁။       ၂၀၁၇ ခုနှစ်၊နိုဝင်ဘာလ( ၂၀ )ရက်နံနက်(၁၀း၀၀)နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက် ၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။

၂။       အဆိုပါအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/သင်တန်းသူ ( ၂၅၄ ) ဦးတက်ရောက်ခဲ့ကြပါသည်။

၃။       အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်မှ အောက်ပါ အချက်များကို မှာကြားခဲ့ပါသည်-

-        စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးကို အခြေခံသည့် စနစ်ဖြစ်သောကြောင့် ကုမ္ပဏီများ၊ ဖက်စပ်လုပ်ငန်းများ၊ အစုစပ်လုပ်ငန်းများ ပေါ်ပေါက်လာပြီး လုပ်ငန်းများ ၏ မှန်ကန်တိကျသည့်စာရင်းဇယားများသည် လုပ်ငန်း၏အောင်မြင်မှု၊ ဆုံးရှုံးမှုကို ဖော်ညွှန်းနေကြောင်း၊

-        နိုင်ငံတော်၏ လူသားစွမ်းရည်အရင်းအမြစ်ဖွံဖြိုးတိုးတက်ရေးအတွက် စာရင်းပညာ တတ်ကျွမ်းသူများ အများအပြား မွေးထုတ်ပေးလျှက်ရှိကြောင်း၊

-        ပြည်ပမှ Grants,Aids,Loans များ အများအပြား ရရှိလျက်ရှိပြီး ယင်းငွေများဖြင့် ဆောင်ရွက်သော လုပ်ဆောင်ချက်များကို မှန်ကန်စွာ စစ်ဆေးရန်အတွက် စာရင်း ပညာရှင် အများအပြား လိုအပ်နေကြောင်း၊

-        စာရင်းပညာရှင်များအနေဖြင့် စာရင်းပညာဆိုင်ရာအရည်အချင်း၊ အတွေ့အကြုံများ ပြည့်ဝနေရန် လိုအပ်သည့်အပြင် စောင့်ထိန်းနေရမည့် ကျင့်ဝတ်သိက္ခာများ စည်းကမ်း များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊

-        စာမေးပွဲမှာ အောင်မှတ်အနေဖြင့် အမှတ်(၄၀)သတ်မှတ်ထားပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပမည့်စာမေးပွဲမှစတင်၍ ဖြေဆိုမည့်ဘာသာရပ်များကို Module 1, Module 2 ခွဲခြားသတ်မှတ်ခဲ့ပါကြောင်း၊ စာရင်းရေးစာရင်းကိုင်၊ ဘောဂဗေဒ၊ စီးပွားရေး သင်္ချာနှင့်စာရင်းအင်းပညာဘာသာရပ်တို့ကို Module 1, ကူးသန်းရောင်းဝယ်မှု အထွေထွေဗဟုသုတနှင့် စီးပွားရေးဥပဒေဘာသာရပ်တို့ကို Module 2 အနေနဲ့ သတ်မှတ်ခဲ့ပြီး ကနဦးဖြေဆိုချိန်မှာ သင်တန်းအလိုက်သက်ဆိုင်ရာဘာသာရပ်အားလုံး ဖြေဆိုရမှာဖြစ်ပြီး Module တစ်ခုထဲမှ ဘာသာရပ်တစ်ခုခုကျရှုံးခဲ့လျှင် ယင်း Module ထဲက ဘာသာရပ်အားလုံးကို တစ်ဆက်တည်း ၃ ကြိမ်အထိ ပြန်လည်ဖြေဆိုခွင့်ရှိပါ ကြောင်း၊ တစ်ဆက်တည်း ၃ ကြိမ်အတွင်း အောင်မြင်မှုမရှိခဲ့လျှင်ဖြစ်စေ၊ စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်းမရှိလျှင်ဖြစ်စေ ကနဦးစာမေးပွဲဖြေဆိုသည့်အတိုင်း ပြန်လည် ဖြေဆိုခွင့်ရှိပါကြောင်း၊

-        စာမေးပွဲ၏အဆင့်အတန်း အောင်မြင်သူများ၏အရည်အသွေးကို ထိန်းသိမ်းမြှင့်တင် ကြရန်လိုကြောင်း၊

-        မိမိတို့၏နားလည်တတ်ကျွမ်းမှုကို အဆင့်မြင့်မြင့် ပြသကြရန် လိုကြောင်း၊

၄။       အခမ်းအနားကို နံနက်(၁၀း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (၃/၂၀၁၇) ကျင်းပ
ဒီပလိုမာစာရင်းကိုင်(ပထမပိုင်း)သင်တန်း ၂၀၁၈-၂၀၁၉ ပညာသင်နှစ် သင်တန်း တက်ရောက်ခွင့်ရသူများစာရင်း

 
 
 
ဒီပလိုမာစာရင်းကိုင်(ပထမပိုင်း)သင်တန်း ၂၀၁၈ ခုနှစ် စာမေးပွဲအချိန်စာရင်းထုတ်ပြန်ခြင်း

 
 
 
U Maw Than, Union Auditor General, attended the 4th ASEANSAI Summit

   U Maw Than, Union Auditor General, attended the 4th ASEAN Supreme Audit Institutions Summit which was held in Vientiane, Lao People's Democratic Republic on 6 November, 2017.

   At the Summit, Auditor Generals and representatives from ASEAN Countries and representatives from donor countries were present. The reports of the performance of the Strategic Planning Committee, Rules and Procedures Committee, Knowledge Sharing Committee, Training Committee, Head of Administration Function and Head of Secretariat Function for the period 2015-2017 were presented by respective committee and approval was made. They also approved the Financial Statements of ASEANSAI for the years 2016 and 2017, the 1st amendment of ASEANSAI Rules and Procedures, and Strategic Plan (2018-2021). Then the Work Plans and Budgets of the respective ASEANSAI Committees and Budget of ASEANSAI for the year 2018-2019 were presented and approval was made.

   During the event, President of State Audit Organization of Lao PDR and Auditor General of Malaysia were appointed as the Chairman and Vice-Chairman of ASEANSAI for the tenure 2018-2019. The appointment of SAI Indonesia as longer term Secretariat office for the period 2018-2023 and the appointment of SAI Thailand as the ASEANSAI Auditor for Financial Statements for the years 2016 and 2017 were also approved.

အရှေ့တောင်အာရှနိုင်ငံဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၄) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း တက်ရောက်ခဲ့

   ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် လာအိုဒီမိုကရက်တစ်ပြည်သူ့သမ္မတ နိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် နိုဝင်ဘာလ ၆ ရက်နေ့က ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံ ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၄) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး (4th ASEANSAI Summit) သို့ တက်ရောက်ခဲ့ပါသည်။

   အစည်းအဝေးသို့ အရှေ့တောင်အာရှနိုင်ငံများမှ စာရင်းစစ်ချုပ်များနှင့် ကိုယ်စား လှယ်များ၊ အလှူရှင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး Strategic Planning Committee၊ Rules and Procedures Committee၊ Knowledge Sharing Committee၊ Training Committee၊ Head of Administration Function နှင့် Head of Secretariat Function တို့၏ ၂၀၁၅-၂၀၁၇ ခုနှစ် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာများကို ရှင်းလင်းတင်ပြ၍ အတည်ပြုချက်ရယူခြင်း၊ အရှေ့တောင်အာရှနိုင်ငံဆိုင်ရာ စာရင်းစစ်ချုပ် ရုံးများအဖွဲ့၏ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများ၊ Rules and Procedures ပထမအကြိမ်ပြင်ဆင်မှုနှင့် ၂၀၁၈-၂၀၂၁ ခုနှစ် မဟာဗျူဟာစီမံချက် စသည်တို့ကို အတည်ပြုခြင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်အတွက် ကော်မတီအသီးသီး၏ လုပ်ငန်းစီမံချက်များနှင့် ဘတ်ဂျက်များ၊ အရှေ့တောင်အာရှနိုင်ငံဆိုင်ရာ စာရင်းစစ်ချုပ်ရုံး များအဖွဲ့၏ ဘတ်ဂျက်တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အတည်ပြုချက်ရယူခဲ့ပါသည်။

   အဆိုပါထိပ်သီးအစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ခုနှစ်အတွက် အရှေ့တောင်အာရှ နိုင်ငံဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ ဥက္ကဌအဖြစ် လာအိုဒီမိုကရက်တစ်ပြည်သူ့သမ္မတ နိုင်ငံစာရင်းစစ်ချုပ်အားလည်းကောင်း၊ ဒုတိယဥက္ကဌအဖြစ် မလေးရှားနိုင်ငံစာရင်းစစ်ချုပ် အားလည်းကောင်း၊ ၂၀၁၈-၂၀၂၃ သက်တမ်းအတွက် အတွင်းရေးမှူးရုံးအဖြစ် အင်ဒိုနီးရှား နိုင်ငံစာရင်းစစ်ချုပ်ရုံးအားလည်းကောင်း၊ အရှေ့တောင်အာရှနိုင်ငံဆိုင်ရာ စာရင်းစစ်ချုပ်ရုံး များအဖွဲ့၏ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်း စစ်ဆေးရန် ထိုင်းနိုင်ငံစာရင်းစစ်ချုပ်ရုံးအား စာရင်းစစ်အဖြစ်လည်းကောင်း ခန့်အပ်မှုတို့ကို အတည်ပြု ခဲ့ပါသည်။

လက်မှတ်ရပြည်သူ့စာရင်းကိုင် (ဒုတိယပိုင်း) အမှတ်စဉ် -၄၁ စာမေးပွဲ အောင်စာရင်းနှင့် ဘာသာရပ်အလိုက် ထူးချွန်ဆုရရှိသူများစာရင်း ထုတ်ပြန်ခြင်း

အရှေ့တောင်အာရှနိုင်ငံဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ ထိပ်သီးအစည်းအဝေး ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း တက်ရောက်ခဲ့
အရှေ့တောင်အာရှနိုင်ငံဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ ထိပ်သီးအစည်းအဝေး ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း တက်ရောက်ခဲ့
အရည်အချင်းစစ် စာမေးပွဲ ကျင်းပရန် ကိစ္စ

Pages

Subscribe to Front page feed