OFFICE OF THE AUDITOR GENERAL OF THE UNION

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ရန်ကုန်မြို့၊ စင်ကာပူနိုင်ငံသံရုံးမှ သံအမတ် ကြီး H.E. Ms.Vanessa Chan Yuen Ying ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၁။      ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည်  ရန်ကုန်မြို့၊ စင်ကာပူနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Ms.Vanessa Chan Yuen Ying  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့၊  နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။      ထိုသို့တွေ့ဆုံရာတွင် ဤရုံး၏ ဆောင်ရွက်နေသည့် စစ်ဆေးရေးလုပ်ငန်းစဉ်များ၊ ဝန်ထမ်းများ၏စွမ်းရည်မြှင့်တင်ရေးအတွက် ဖွင့်လှစ်သင်ကြားနေသည့် သင်တန်းဆိုင်ရာ ကိစ္စရပ်များ၊ စင်ကာပူ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ရန်ကုန်မြို့တွင် ၁ ပတ်ကြာ၊ ၂ ပတ်ကြာ သင်တန်းများ ဖွင့်လှစ်ပေးနေမှုများ စသည်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါ သည်။

၃။      အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

The Auditor General of the Union received the delegation from EU led by Mr.Thomas Thomsen, Public Finance Management Expert

  1. U Maw Than, the Auditor General of the Union received the delegation from EU, led by Mr.Thomas Thomsen, Public Finance Management Expert , at the Office of the Auditor General of the Union, Nay Pyi Taw at 10:00 a.m on 2nd February, 2018.
  2. In this meeting, they discussed the result of the 3 Mini Workshops on the Independence, Mandate, Organizational, Human Resources, and the ongoing schedules for the Office of the Auditor General of the Union.
  3. At the meeting, the Permanent Secretary and responsible persons from the Office of the Auditor General of the Union were also present.
ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် EU မှ Public Finance Management Expert ဖြစ်သူ Mr. Thomas Thomsen ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၁။      ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည်  EU မှ Public Finance Management Expert ဖြစ်သူ  Mr. Thomas Thomsen ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့အား  ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့၊  နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။

၂။      ထိုသို့တွေ့ဆုံရာတွင် Independence၊ Mandate၊ Organizational၊ Human Resources တို့နှင့် စပ်လျဉ်း၍ ပြုလုပ်ခဲ့သည့် Mini Workshop (၃) ခု၏ ဆွေးနွေးမှုရလဒ် များနှင့် ယင်းအပေါ်အခြေခံ၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ခဲ့ကြပါသည်။

၃။      အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

The Auditor General of the Union received the delegation led by Mrs. Marcia Sue Maurer, Advisor from US Department of the Treasury Office of the Technical Assistance – USOTA

  1. U Maw Than, the Auditor General of the Union received the delegation led by Mrs. Marcia Sue Maurer, Advisor from US Department of the Treasury Office of the Technical Assistance – USOTA at the Office of the Auditor General of the Union, Nay Pyi Taw at 2:00 P.M on 31 January, 2018.
  2. In this meeting, they discussed the matters of SEE Performance Monitoring Manual (draft) prepared by Budget Department and USOTA, the facts that need to  be amended and the SEEs Audit conducted by Office of the Auditor General of the Union.
  3. At the meeting, the Director General (Audit Department) and responsible persons from the Office of the Auditor General of the Union were also present.
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် US Department of the Treasury Office of the Technical Assistance – USOTA မှ Advisor ဖြစ်သူ Mrs. Marcia Sue Maurer ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

၁။      ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် US Department of the Treasury Office of the Technical Assistance – USOTA မှ Advisor ဖြစ်သူ Mrs. Marcia Sue Maurer ဦးဆောင်သောအဖွဲ့အား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့၊ နေ့လယ် ၂:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။

၂။      ထိုသို့တွေ့ဆုံရာတွင် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် USOTA တို့ ပူးပေါင်း ရေးဆွဲနေသည့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် အား စောင့်ကြည့်ကြပ်မတ်သည့် လမ်းညွှန်လက်စွဲစာအုပ် (မူကြမ်း) ဆိုင်ရာ ကိစ္စရပ်များ၊ ပြုပြင် မွမ်းမံသင့်သည့်အချက်များ၊ ဤရုံးအနေဖြင့် SEEs များအား စာရင်းစစ်ဆေးမှု စသည်တို့နှင့် စပ်လျဉ်း ၍ ဆွေးနွေးခဲ့ကြပါသည်။

၃။      အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန) နှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။

Hosting 3rd Field Workshop of ASEANSAI LTAPII Phase 2

Office of the Auditor General of the Union hosted 3rd field workshop of Long Term ASEANSAI Programme on International Standards of Supreme Audit Institution Implementation (LTAPII) - Phase 2 which is conducted by SAI Philippines as Project Leader and SAI Malaysia as Sub Project Leader. Preparatory meeting related to that workshop was held from 11.12.2017 to 12.12.2017 and field workshop was held from 13.12.2017 to 15.12.2017 at Park Royal Hotel, Nay Pyi Taw.

Opening ceremony was held on 13.12.2017 and Director General of Audit Department attended and delivered welcome speech by conveying the benefits of holding workshop such as having a chance for sharing knowledge and experiences of International Standards of Supreme Audit Institutions (ISSAI) implementation within ASEAN countries, enhancing facilitating skills of selected and trained persons as Facilitators from each Supreme Audit Institution.

During the workshop, ISSAI Facilitators from member countries of ASEANSAI discussed the topics of Preliminary Engagement Activity, Overall Audit Strategy, Understanding the entity and its environment including internal controls, Risk Assessment, Materiality in Planning and Performing an Audit, Audit Evidence, Audit Sampling, Audit Opinion and Quality Control to understand Risk based Financial Audit and Internal Control.

Closing ceremony was held on 15.12.2017 and Director General of Audit Department attended and delivered closing speech. In giving the speech, she said that she believes the facilitators become better understanding the requirements to be a qualified facilitator by involving in this workshop and they can contribute their efforts to each Supreme Audit Institutions within the ASEAN region in future, all participants have gained a certain level of knowledge and skill from the workshop. She also expressed her appreciation to all responsible persons. The total number of 45 persons, the representative from SAI Sweden, representatives and participants from member countries of ASEANSAI, Office of the Auditor General of the Union and Regional Audit Offices, participated in this workshop.

စာရင်းစစ်ချုပ်ရုံးများ၏ နိုင်ငံတကာစံအကောင်အထည်ဖော်မှုနှင့် စပ်လျဉ်းသည့် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ ကာလရှည်စီမံချက်၊ အပိုင်း (၂) တတိယအကြိမ် လက်တွေ့ဆောင်ရွက်မှုအလုပ်ရုံဆွေးနွေးပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း

ဖိလစ်ပိုင်နိုင်ငံစာရင်းစစ်ချုပ်ရုံးက Project Leader ၊ မလေးရှားနိုင်ငံစာရင်း စစ်ချုပ်ရုံးက Sub Project Leader အဖြစ် ဆောင်ရွက်သည့် Programme တစ်ခု ဖြစ်သော စာရင်းစစ်ချုပ်ရုံးများ၏ နိုင်ငံတကာစံအကောင်အထည်ဖော်မှုနှင့်စပ်လျဉ်းသည့် အရှေ့တောင် အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ ကာလရှည် စီမံချက်၊ အပိုင်း (၂) ၏ တတိယအကြိမ် လက်တွေ့ဆောင်ရွက်မှု အလုပ်ရုံဆွေးနွေး ပွဲ (3rd Field Workshop of ASEANSAI LTAPII Phase 2) အတွက် Preparatory Meetingကို၁၁-၁၂-၂၀၁၇ ရက်နေ့နှင့် ၁၂-၁၂-၂၀၁၇ရက်နေ့တို့တွင် လည်းကောင်း၊ အလုပ်ရုံဆွေးနွေးပွဲကို ၁၃-၁၂-၂၀၁၇ ရက်နေ့ မှ ၁၅-၁၂-၂၀၁၇ ရက်နေ့အထိ လည်းကောင်း Park Royal Hotel ၊ နေပြည်တော်၌ ဤရုံးက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ၁၃-၁၂-၂၀၁၇ ရက်နေ့တွင် ကျင်းပခဲ့ရာ ဤရုံး၊ စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းဖြင့် စာရင်းစစ်ချုပ်ရုံးများ၏ နိုင်ငံတကာစံ (International Standards of Supreme Audit Institutions - ISSAI) အကောင်အထည်ဖော်ခြင်းနှင့် စပ်လျဉ်းသည့် အတွေ့အကြုံ ဗဟုသုတများ ကို အရှေ့တောင်အာရှနိုင်ငံများအကြား မျှဝေနိုင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများမှ ရွေးချယ်လေ့ကျင့်ပေးထားသည့် Facilitators များအနေဖြင့် Facilitation Skill Workshop မှ ရရှိထားသည့် အတွေ့အကြုံ ဗဟုသုတများကို ပြန်လည်မျှဝေပေးနိုင်မည့်အပြင် ၎င်းတို့၏ Facilitating Skills မြင့်တက်လာနိုင် ကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတကာစံများအရ အန္တရာယ်အခြေပြုဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်းနှင့် ဌာနတွင်း ကြီးကြပ်ကွပ်ကဲမှုတို့ကို ပိုမိုသိရှိနားလည်နိုင်စေရန်အတွက် မစစ်ဆေးမီ ကြိုတင်ပြင်ဆင်ခြင်း၊ စစ်ဆေးရေးမဟာဗျူဟာရေးဆွဲခြင်း၊ ဌာနတွင်းကြီးကြပ်ကွပ်ကဲ ခြင်း အပါအဝင် ဌာနအဖွဲ့အစည်း၏ လုပ်ငန်းနယ်ပယ်ကို သိရှိနားလည်အောင် ဆောင်ရွက်ခြင်း၊ အန္တရာယ်အကဲဖြတ်မှု၊ စာရင်းစစ်စီမံချက်ရေးဆွဲသည့်အဆင့်နှင့် စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်သည့်အဆင့်တို့တွင် အရေးပါမှု (Materiality) ကို သတ်မှတ်ခြင်း၊ စာရင်းစစ်သက်သေခံအထောက်အထား၊ နမူနာကောက်ယူစစ်ဆေး ခြင်း၊ စာရင်းစစ်ထင်မြင်ယူဆချက်နှင့် အရည်အသွေးထိန်းချုပ်ကွပ်ကဲခြင်း စသည့် အကြောင်းအရာများကို ASEANSAI အဖွဲ့ဝင်နိုင်ငံများမှ ISSAI Facilitators များက ဆွေးနွေးခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲပိတ်ပွဲအခမ်းအနားကို ၁၅-၁၂-၂၀၁၇ ရက်နေ့တွင် ကျင်းပ ခဲ့ရာ ဤရုံး၊ စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် တက်ရောက်ခဲ့ပြီး Facilitators များအနေဖြင့် ဤအလုပ်ရုံဆွေးနွေးပွဲတွင် လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ခြင်းအားဖြင့် အရည်အချင်း ပြည့်ဝသည့် Facilitator တစ်ဦး ဖြစ်လာရန် လိုအပ် သည့်အချက်များကို ပိုမိုသိရှိလာပြီး အာဆီယံဒေသအတွင်း သက်ဆိုင်ရာ စာရင်းစစ် ချုပ်ရုံးများအတွက် ရှေ့ဆက်အကျိုးပြုနိုင်မည်ဖြစ်ကြောင်း၊ Participant များအနေ ဖြင့်လည်း အတွေ့အကြုံ ဗဟုသုတများ အထိုက်အလျောက်ရရှိခဲ့မည်ဟု ယုံကြည် ကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ASEANSAI အဖွဲ့ဝင်နိုင်ငံများ၊ ဆွီဒင် နိုင်ငံစာရင်းစစ်ချုပ်ရုံး၊ ဤရုံးနှင့် ဒေသစာရင်းစစ်ချုပ်ရုံးများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ကြပါသည်။

The Auditor General of the Union received the delegation from KPMG Advisory (Myanmar) Ltd led by Mr. Winid Silamongkol, CEO, KPMG in Thailand, Lao and Myanmar

1. U Maw Than, the Auditor General of the Union received the delegation from KPMG Advisory (Myanmar) Ltd led by Mr.Winid Silamongkol, CEO, KPMG in Thailand, Lao and Myanmar, at the Office of the Auditor General of the Union, Nay Pyi Taw at 10:00 AM on 30th January, 2018.

2. In this meeting, they discussed the status of Myanmar Financial Year End change, potential upgrade of MFRS to IFRS, Myanmar Companies Law and Corporate Governance, general impact of new Myanmar Companies Law and any possible collaboration between KPMG, Office of the Auditor General of the Union (OAG) and MICPA.

3. At the meeting, the Permanent Secretary, Director General (Audit Department) and responsible persons from the office of the Auditor General of the Union were also present.

ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် CEO Mr. Winid Silamongkol ဦးဆောင်သော KPMG Advisory (Myanmar) Ltd မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် CEO Mr.Winid Silamongkol ဦးဆောင် သော KPMG Advisory (Myanmar) Ltd မှ ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့၊ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။

၂။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဘဏ္ဍာရေးနှစ် ပြောင်းလဲမှုအခြေအနေ၊ မြန်မာနိုင်ငံ ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများကို နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာ စံများသို့ မြှင့်တင်ရန်အခြေအနေ၊ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေနှင့် ကော်ပိုရိတ်အုပ်ချုပ်မှု စနစ်၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ အသစ်၏ ယေဘုယျ အကျိုးသက်ရောက်မှုများ၊ ဤရုံး၊ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း နှင့် KPMG တို့ ပူးပေါင်းဆောင်ရွက်နိုင်မည့်နယ်ပယ်များ စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

၃။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

Performance Audit Training ၏ဆွေးနွေးပို့ချချက်အကျဉ်းချုပ်များ

Pages

Subscribe to Front page feed