၁။ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့ နံနက်( ၁၀ း ၀၀) နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ စာရင်းစစ် ( ၁ ) များလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် ( ၃၃ ) သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပါ သည်။
၂။ အဆိုပါ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများ၊ သင်တန်းသူ/သား ( ၁၀၂ ) ဦး တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က -
- ဤသင်တန်းကို ကျွမ်းကျင်သော စာရင်းပညာရှင်များ ပေါ်ထွန်းလာစေ ရန်၊ စာရင်းဇယားများ မှန်ကန်စွာပြုစုထိန်းသိမ်းတတ်စေရန်၊ ကိုယ်ကျင့် တရားကောင်းမွန်သော ဝန်ထမ်းကောင်းများ ပေါ်ထွန်းလာစေရန် စသည့်ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ခဲ့ကြောင်း၊
- ဤသင်တန်းကျောင်းမှ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း တက်ရောက်
ပြီးသည့် စာရင်းစစ်(၁)စုစုပေါင်း (၂၇၆၉) ဦး မွေးထုတ်ပေးခဲ့ပြီးဖြစ် ကြောင်း၊
- စာရင်းစစ်(၁)များသည် စာရင်းစစ်အဖွဲ့၏ ခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်ကြရသည့်အတွက် သတိသမ်ပဇဉ်အပြည့်ဖြင့် ဆောင်ရွက်ကြ ရန်၊ Professional Ethics များကိုလိုက်နာကြရန်နှင့် သိလည်းသိ၊ တတ်လည်းတတ်ပြီး ခေါင်းဆောင်ကောင်းများ ဖြစ်ကြရမှာဖြစ်ကြောင်း၊
- စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်ခြင်းသည် လွယ်မယောင်နှင့် အမှန် တကယ် အလုပ်လုပ်ရာတွင် စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန်လုပ်ရပြီး ခက်ခဲသည့်အလုပ်ကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊
- နိုင်ငံတော်ပိုင်ကဏ္ဍစာရင်းများကို စစ်ဆေးရသည့် နိုင်ငံပိုင်ကဏ္ဍမှ စာရင်းစစ်များသည် တိုင်းပြည်အကျိုးပြုနိုင်သည့်အတွက်မွန်မြတ်ကြောင်း၊
- မိမိတို့ စစ်ဆေးရေးလုပ်ငန်းများကို ပြောင်းလဲလာသည့်ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်အောင် အထူးကြိုးစားကြရန်လိုအပ်ကြောင်း စသည် ဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။
၄။ အခမ်းအနားကို နံနက်(၁၀း၃၀)နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။
၁။ The International Journal of Government Auditing ကို International Organization of Supreme Audit Institutions- INTOSAI ကိုယ်စား U.S Government Accountability Office - GAO မှ အာရေးဗျဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာနှင့် စပိန်ဘာသာတို့ဖြင့် တစ်နှစ်လျှင် (၄) ကြိမ်ထုတ်ဝေပြီး ASIAN Journal of Government Audit ကို Asian Organization of Supreme Audit Institutions-ASOSAI ကိုယ်စား Comptroller and Auditor General of India မှ အင်္ဂလိပ်ဘာသာဖြင့် တစ်နှစ်လျှင် (၂) ကြိမ် ထုတ်ဝေပါသည်။
၂။ အစိုးရစာရင်းစစ်ဆေးမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ နည်းလမ်းများ၏ တိုးတက်မှုများ၊ ကောင်းမွန်သည့် လက်တွေ့ကျင့်သုံးဆောင်ရွက်မှုများကို အဖွဲ့ဝင် SAIsများက သိရှိနိုင်စေရန် ရည်ရွယ်၍ ယင်းဂျာနယ်များကို ထုတ်ဝေခြင်းဖြစ်ပါသည်။ ယင်းဂျာနယ်များတွင် အဖွဲ့ဝင် SAIs များက ပေးပို့သည့် နိုင်ငံပိုင်ကဏ္ဍ စာရင်းစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာနယ်ပယ်များရှိ Articles များ၊ Special Reportsများ၊ New Items များ နှင့် အခြားသော Materials များ ပါဝင်ပြီး ယင်းတို့ကို www.intosaijournal.org နှင့် www.asosaijournal.org တို့တွင် ဝင်ရောက် လေ့လာဖတ်ရှုနိုင်ပါသည်။
U.S Government Accountability Office-GAO on behalf of International Organization of Supreme Audit Institutions-INTOSAI publishes the International Journal of Government Auditing quarterly in Arabic, English, French, German and Spanish. The ASIAN Journal of Government Audit is published twice a year in English by Comptroller and Auditor General of India on behalf of the Asian Organization of Supreme Audit Institutions-ASOSAI.
These journals are issued with the objective of providing member SAIs for sharing experiences in the advancement of government auditing procedures and techniques and good practices.
Articles, Special Reports, News items and other materials on state audit and related fields sent by Member SAIs were included in these journals. These journals are available on www.intosaijournal.org and www.asosaijournal.org.
၁။ ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ(၁၂) ရက်နေ့ နံနက်(၁၀း၀၀) နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အဆင့်မြင့်/ အလယ်အလတ်အဆင့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၉၇) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း တက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါ အချက်များကို လမ်းညွှန်မှာကြားခဲ့ ပါသည်-
- နိုင်ငံတော် အဖွဲ့အစည်းများမှ ဝန်ထမ်းများကို အခြေခံအဆင့်၊ အလယ်အလတ်အဆင့် နှင့် အဆင့်မြင့်ဟူ၍ အဆင့် ၃ ဆင့်ခွဲခြားကာ စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊
- ယခုသင်တန်းသို့ ဝန်ကြီးဌာန အသီးသီးအောက်ရှိ ဦးစီးဌာနများ၊ စီးပွားရေးအဖွဲ့အစည်းများမှ သင်တန်းသူ/သား(၁၀၉)ဦးသည် အဆင့်မြင့်သင်တန်း၊ သင်တန်းသူ/ သား(၂၈၆)ဦးသည် အလယ်အလတ်အဆင့် သင်တန်းသို့ တက်ရောက်ကြသည့်အတွက် စုစုပေါင်း (၃၉၅)ဦး တက်ရောက်ခဲ့ကြောင်း၊
- နိုင်ငံတော်ကြီးအား စနစ်သစ်ဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်အဖြစ် တည်ဆောက်သည့် နေရာတွင် ဝန်ထမ်းအသီးသီးသည် ပြည်သူလူထုအကျိုးစီးပွားကို ယခင်ကထက် ပိုမိုကာကွယ်စောင့်ရှောက်ပေးရမှာဖြစ်ကြောင်း၊
- ကထိကများကလည်း တကယ်နားလည်တတ်ကျွမ်းပြီး အရည်အချင်းပြည့်ဝသည့်သူများ ပေါ်ထွက်လာရန်အတွက် ရည်ရွယ်ချက်များထားရှိပြီး သင်ကြားပေးခြင်းဖြစ် ကြောင်း၊
- သင်တန်းတွင် သင်ကြားပေးလိုက်သည့် ဘာသာရပ်အားလုံးသည် သင်တန်းသူ/သား များ သိသင့်သိထိုက်၊ ကျွမ်းကျင်သင့်ကျွမ်းကျင်ထိုက်သည့် အခြေအနေ အရပ်ရပ်ကို ခြုံငုံမိအောင် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊
- မိမိအလုပ်ကို ကျွမ်းကျင်အောင်မြင်စွာ လုပ်ကိုင်နိုင်ခြင်းအားဖြင့် မိမိတွင်အကျိုးရှိသကဲ့သို့ မိမိတို့၏အဖွဲ့အစည်း၊ မိမိတို့၏ နိုင်ငံတွင်လည်း အကျိုးရှိပြီး သင်ကြားပို့ချ ပေးလိုက်သည့် ကထိကများ၏စေတနာကိုလည်း အလေးထားရာရောက်ကြောင်း၊
- လုပ်ငန်းဆောင်ရွက်ရာမှာ စာရင်းများကို စည်းမျဉ်းစည်းကမ်းနှင့်အညီ အမှားအယွင်း မရှိ ရေးဆွဲနိုင်ပြီး မမှန်ကန်မှု၊ လေလွင့်ဆုံးရှုံးမှုများ မဖြစ်အောင် လုပ်ဆောင်ကြရန် မှာကြားလိုကြောင်း၊
- ယခုသင်တန်းတွင် သင်တန်းသူ /သား အများအပြား တက်ရောက်ကြသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း၊
- နိဂုံးချုပ်အနေနှင့် သင်တန်းသူ/သားသည်နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ဝန်ထမ်းများစောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်သိက္ခာ၊ စည်းမျဉ်းစည်းကမ်းများအပြင် သင်တန်းကျောင်းက ချမှတ်ထားသည့် စည်းကမ်းများကိုလည်း အလေးထား လိုက်နာကြရန် မှာကြားလိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၁၀း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
