၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် နော်ဝေနိုင်ငံ စာရင်းစစ်ချုပ်ရုံးတို့ ပူးပေါင်း၍ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုစစ်ဆေးခြင်း အလုပ်ရံုံဆွေးနွေးပွဲ (Performance Audit Workshop) ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်၌ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့မှ (၃) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အလုပ်ရုံ ဆွေးနွေးပွဲတွင် နော်ဝေနိုင်ငံ စာရင်းစစ်ချုပ်ရုံးမှ ကျွမ်းကျင်ပညာရှင်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များ၊ Performance Audit အမျိုးအစား (၃) မျိုးနှင့် စာရင်းစစ်ဆေးခြင်း ကြိုတင်ပြင်ဆင်ရာတွင် အသုံးပြုသည့် Audit Design Matrix များ၊ နိုင်ငံတကာ စာရင်းစစ်ချုပ်ရုံးများ၏ စံများ (International Standards of Supreme Audit Institutions, ISSAIs) တွင် ဖော်ပြထားသော Performance Audit ဆောင်ရွက်ရခြင်း၏ အဓိက ရည်ရွယ်ချက်များအပေါ် ယေဘုယျ ရှင်းလင်းပေးခြင်း၊ လက်တွေ့ ဥပမာ အနေဖြင့် နော်ဝေနိုင်ငံ စာရင်းစစ်ချုပ်ရုံးက “Performance Audit on Hospitals” စစ်ဆေးရာတွင် ဆောင်ရွက်ခဲ့သည့် နည်းလမ်း၊ တွေ့ရှိချက်များနှင့် အစီရင်ခံစာတွင် ဖော်ပြသည့် အကြံပြုချက်များ၊ စစ်ဆေးမှုရလဒ်များကို ဆွေးနွေးခြင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက Pilot Audit အဖြစ် ဆောင်ရွက်သည့် Performance Audit Areas (၇) ခုနှင့် စပ်လျဉ်း၍ စစ်ဆေးရခြင်း ရည်ရွယ်ချက်၊ တွေ့ရှိချက်များ၊ ကောင်းမွန်သည့် အတွေ့အကြုံများ၊ အခက်အခဲများ အပေါ် အပြန်အလှန်ဆွေးနွေးခြင်း၊ လိုအပ်ချက်များကို အကြံပြုခြင်းနှင့် ကျွမ်းကျင်သူများ၏ အတွေ့ အကြုံများအရ တက်ရောက်သူများ၏ မေးမြန်းချက်များအပေါ် ၎င်းတို့၏အမြင်များကို ပြန်လည် မျှဝေခဲ့ကြပါသည်။
၃။ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းဖြင့် တက်ရောက်သူများသည် ISSAIs Framework နှင့် အညီ Performance Audit ဆောင်ရွက်ပုံများနှင့် နိုင်ငံတကာအတွေ့အကြုံများကို လက်တွေ့ စစ်ဆေးချက် နမူနာလေ့လာရခြင်းဖြင့် သိရှိရခြင်း၊ Performance Audit ဆောင်ရွက်ရာတွင် ပိုမိုအာရုံစိုက်သင့်သည့် ပြဿနာ နယ်ပယ်များ၊ အခက်အခဲများ၊ ဖြေရှင်းနိုင်ဖွယ်ရှိသည့် နည်းလမ်းများ သိရှိရခြင်းဖြင့် အဆိုပါ အသိအမြင်၊ ဗဟုသုတများကို လက်တွေ့လုပ်ငန်းတွင် အကျိုးရှိရှိ အသုံးချနိုင်မည်ဖြစ်ပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲသို့ နော်ဝေနိုင်ငံ စာရင်းစစ်ချုပ်ရုံးမှ ကျွမ်းကျင်ပညာရှင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်း ရှိ စာရင်းစစ်ရုံးများမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၁၅) ဦး တက်ရောက်ခဲ့ကြပါသည်။
1.Office of the Auditor General of the Union of Myanmar, OAGM and Office of the Auditor General of Norway, OAGN jointly held the Workshop on Performance Audit at the Office of the Auditor General of the Union, Nay Pyi Taw from October 2 to 3, 2017.
2.In the workshop, the Performance Audit Expert from Office of the Auditor General of Norway generally explained the objectives of the Performance Audit Workshop, 3 types of Performance Audit, audit design matrix using in audit planning stage, and the main objectives of Performance Audit prescribed in the International Standards of Supreme Audit Institutions (ISSAIs). The Norway expert shared their experiences on “Performance Audit on Hospitals” as case study learned in Norway and its related audit methodologies, findings, recommendations in the audit report, and audit results. They also discussed vice versa with the participants on the objectives of each of (7) Performance Audit Areas which OAGM were conducted as pilot audits and its related findings, positive experiences, challenges and suggestions on the requirements based on their experiences. The expert exchanged their ideas and discussed on the questions from the participants.
3.By holding the workshop, the participants reached the knowledge about Performance Audit in line with ISSAIs framework and International experiences by studying the real-case from OAGN. The participants can imagine more important areas which they should emphasis in the future, obstacles, the possible ways to overcome such kinds of challenges, so that the participants can apply those knowledge and ideas as effective tools when they conduct Performance Audit in a practical manner. In the workshop, a total number of (115) persons who are the expert from Office of the Auditor General of Norway, officers and staff from Office of the Auditor General of the Union and the audit offices around Nay Pyi Taw territory were present.
1. U Maw Than, the Auditor General of the Union, received the delegation led by Mr. Anders Hjertstrand, Expert of EU Mission at the office of the Auditor General of the Union, Nay Pyi Taw at 10:00 a.m. on 28th September, 2017.
2. In the meeting, Mr. Anders presented the matters on Mandate, Legal framework and Organizational structure of which he and the responsible officers have discussed. They also discussed the matters concerning plans of EU support which is arranged not to overlap from other Donors support, and Workshop to be held for Study Report of Mr. Anders and Mr. Ray Watkins in January or February, 2018.
3. At the meeting, Director General (Audit Department) and the responsible officers from the Office of the Auditor General of the Union were also present.
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် EU Mission မှ Expert ဖြစ်သူ Mr. Anders Hjertstrand ဦးဆောင်သောအဖွဲ့အား ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့တွေ့ဆုံရာတွင် Mr. Anders က Mandate, Legal framework and Organizational structure တို့နှင့်စပ်လျဉ်း၍ ဤရုံးမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့မှုများကို ရှင်းလင်း တင်ပြခဲ့ပြီး အခြားအဖွဲ့အစည်းများ၏ ထောက်ပံ့ပေးမည့်အစီအစဉ်များနှင့်မထပ်စေရေး EU မှ စီစဉ် ထားမှုများ၊ Mr. Anders နှင့် Mr. Ray Watkins တို့ဆောင်ရွက်ခဲ့သည့် Study Report နှင့်စပ်လျဉ်းသည့် Workshop ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (သို့မဟုတ်) ဖေဖော်ဝါရီလတွင် လာရောက်ပြုလုပ်မည့်ကိစ္စ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
- U Maw Than, the Auditor General of the Union received the delegation from World Bank led by Mr. Christopher Fabling, Senior Financial Management Specialist at the office of the Auditor General of the Union, Nay Pyi Taw at 10:00 a.m on 19th September, 2017.
- In the meeting, they discussed the matters concerning the implementation of Country Action Plan on ROSC A & A report, arrangement for the establishment of Steering Committee, Implementation Support program for IFRS, SAI Performance Measurement Framework Assessment in coordination with Norway, EU and ADB, technical assistance for preparation of IT Strategy, proposed joint workshop on International Public Sector Accounting Standards by MOPF and OAG and funding for Audit Quality Assurance and proposed CAPA PAO Development Committee meeting.
- At the meeting, the Director General (Audit Department) and the responsible officials from the Office of the Auditor General of the Union were also present.
၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် ကမ္ဘာ့ဘဏ်အဖွဲ့မှ Senior Financial Management Specialist ဖြစ်သူ Mr. Christopher Fabling ဦးဆောင်သော အဖွဲ့အား ၂၀၁၇ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့ တွေ့ဆုံရာတွင် ROSC A & A Report အကြံပြုချက်များအပေါ် Country Action Plan ဆက်လက် အကောင်အထည်ဖော်ရေး၊ Steering Committee ဖွဲ့စည်းမည့် အစီအစဉ်များ၊ နိုင်ငံတကာ ဘဏ္ဍာရေး အစီရင်ခံခြင်းစံများ(IFRS) အကောင်အထည်ဖော် ဆောင်ရွက်မှုအတွက် အထောက်အပံ့ပေးမည့် အစီအစဉ်များ၊ SAI Performance Measurement Framework Assessment အတွက် မိတ်ဖက် အဖွဲ့အစည်းများဖြစ်သည့် Norway၊ EU နှင့် ADB အဖွ့ဲများ နှင့် ပူးပေါင်းဆောင်ရွက်ရေး၊ IT Strategy ရေးဆွဲရေးဆိုင်ရာ နည်းပညာ အကူအညီ အထောက်အပံ့ပေးမည့် ကိစ္စရပ်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဤရုံးတို့ ပူးပေါင်း၍ နိုင်ငံတကာ နိုင်ငံပိုင်ကဏ္ဍစာရင်းစံ (IPSAS) ဆိုင်ရာ Joint Workshop ပြုလုပ်ရန် ကိစ္စ၊ Audit Quality Assurance ဆိုင်ရာ ဘဏ္ဍာငွေထောက်ပံ့ရေး ကိစ္စရပ်များ နှင့် Confederation of Asia and Pacific Accountants- CAPA PAO Development Committee အစည်းအဝေးပြုလုပ်ရန် ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်အမှတ် ၊ ၁ /၂၀၁၇
၁၃၇၉ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက်
(၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်)
စာရင်းစစ်-၃ ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ရေးအတွက် လူတွေ့ဖြေဆိုခွင့်ရရှိသူများစာရင်းထုတ်ပြန်ခြင်းနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်။
၁။ ဤရုံးနှင့်ဒေသစာရင်းစစ်ရုံးများတွင်တာဝန်ထမ်းဆောင်လျှက်ရှိသောစာရင်းစစ်-၃ဝန်ထမ်းများ၏ရာထူးတိုးမြှင့် ရေးအတွက်ရေးဖြေစာမေးပွဲကို ၃၀-၇-၂၀၁၇နေ့တွင်ကျင်းပခဲ့ပြီး လူတွေ့ဖြေဆိုခွင့်ရရှိသူများစာရင်းကို ၂၁-၉-၂၀၁၇ နေ့တွင်ထုတ်ပြန်ခဲ့ပါသည်။
၂။ လူတွေ့ဖြေဆိုခွင့်ရရှိသူများစာရင်းထုတ်ပြန်ခြင်းနှင့်စပ်လျဉ်း၍ လူမှုှုကွန်ယက်တစ်ခုဖြစ်သည့် ဖေ့စ်ဘုတ်တွင် ဤရုံးနှင့်ရုံး၏တာဝန်ရှိပုဂ္ဂိုလ်များဂုဏ်သရေပျက်ယွင်းညှိုးနွမ်းစေမည့် ပြဌာန်းထားသည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ ဝန်ထမ်းနည်းဥပဒေများပါ ရာထူးတိုးမြှင့်ခြင်းပြဌာန်းချက်များနှင့် ကိုက်ညီမှုမရှိသည့် ထင်မြင်ယူဆချက်များကို တင်လာကြသည်ကို တွေ့ရှိရပါသည်။
၃။ ဤရုံးသည် ရာထူးတိုးမြှင့်ရေးကိစ္စများကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများထုတ်ပြန်ခြင်း မပြု မီက မြို့ပြဝန်ထမ်းစည်းမျဉ်း၊ မူလအခြေခံနည်းဥပဒေ၊ နိုင်ငံတော်ကောင်စီရုံးကထုတ်ပြန်ခဲ့သည့်ဝန်ထမ်းစည်းမျဉ်းကောက်နုတ် ချက်ပါ ပြဌာန်းချက်များ အညီလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ ထုတ်ပြန်ပြီးသည့် နောက်တွင်လည်း ၎င်းဥပဒေ၊ နည်းဥပဒေများပါ ပြဌာန်းချက်များနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များ အညီလည်းကောင်း စနစ်တကျဆောင်ရွက်ပါသည်။
၄။ ဤရုံး၏စီမံခန့်ခွဲမှု အစီအမံအရ သင့်လျော်သည့် ရာထူးလုပ်သက် သတ်မှတ်၍ ရာထူးတိုးရေးဖြေစာမေးပွဲ ကိုဖြေဆိုခွင့်ပြုခဲ့ပါသည်။ ထိုသို့သတ်မှတ်ရာတွင် စာရင်းစစ်-၃ ဝန်ထမ်းများအတွက် လက်မှတ်ရပြည်သူ့စာရင်းကိုင် ဘွဲ့ဖြစ်ပါက ၂ နှစ်၊ ဝါဏိဇ္ဇဘွဲ့ရဖြစ်ပါက ၃ နှစ်၊ အခြားဘွဲ့ရဖြစ်ပါက ၄ နှစ် အသီးသီးသတ်မှတ်ခဲ့ခြင်းများ ရှိခဲ့ပါသည်။ ထို့နောက်ပိုင်းတွင်ဘွဲ့အမျိုးအစားခွဲခြားသတ်မှတ်ခြင်းမပြုတော့ဘဲတစ်ပြေးညီရာထူးလုပ်သက် ၃ နှစ်ရှိပါကရာထူးတိုး ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ပြုခဲ့ပါသည်။
၅။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ နည်းဥပဒေ ၃၃ ဇယား (၁) ရာထူးသက်သတ်မှတ်ချက်နှင့်အညီ စာရင်းစစ်-၃ လစာနှုန်းထားနှင့်ညီမျှသည့် ရာထူးလုပ်သက် ၂ နှစ်ရှိသူများကို ရေးဖြေစာမေးပွဲဖြေဆိုခွင့်ပြုခဲ့ပါသည်။
၆။ ထို့အပြင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၅(ခ) တွင် “ရာထူးအဆင့်၏ လုပ်ငန်းသဘာဝအလိုက် ရေးဖြေစာမေးပွဲကိုဖြစ်စေ၊ လက်တွေ့လုပ်ငန်းအရည်အချင်း စစ်ဆေးခြင်းကိုဖြစ်စေ ပြုလုပ်ရန်မလိုအပ်ပါက လူတွေ့စစ်ဆေး၍ အရည်အချင်း အကဲဖြတ်အမှတ်ပေးခြင်းနည်းကို အသုံးပြုစစ်ဆေးရမည်။” အစား ၂၀၁၇ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ၊ နည်းဥပဒေ ၇(က) တွင် “ရာထူးအဆင့်၏ လုပ်ငန်းသဘာဝအလိုက် ရေးဖြေစာမေးပွဲစစ်ဆေးခြင်း သို့မဟုတ် ရေးဖြေစာမေးပွဲနှင့် လက်တွေ့လုပ်ငန်းကျွမ်းကျင်မှုနှစ်ရပ်စလုံးဖြင့်စစ်ဆေးခြင်းတို့ကိုပြုလုပ်၍ လူတွေ့စစ်ဆေးပြီး အရည်အချင်း အကဲဖြတ်အမှတ်ပေးခြင်း တို့ကို ပြုလုပ်ရမည်။” ဟု ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။
၇။ ထို့အတွက်ကြောင့် ရာထူးတိုးမြှင့်ရေးအတွက် ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို မလွဲမသွေဆောင်ရွက်ရမည် ဖြစ်ပါသည်။
၈။ စာရင်းစစ်-၃ များအား ရာထူးတိုးမြှင့်ပေးရေးအတွက်ဆောင်ရွက်ခဲ့သည့်အကြိမ်တိုင်း ရေးဖြေစာမေးပွဲကျင်းပ ခဲ့ပြီး ရေးဖြေစာမေးပွဲအောင်မြင်သူများကိုသာ လူတွေ့ဖြေဆိုခွင့် ရရှိသူများအဖြစ် ထုတ်ပြန်ခဲ့ပါသည်။
၉။ ထို့ပြင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၈(က)တွင် “ လူတွေ့စစ်ဆေးခြင်းကို နည်းဥပဒေ ၂၉ ပါ နည်းလမ်းတစ်ရပ်ရပ်ဖြင့် စစ်ဆေးခြင်းအတွက် အမှတ်ပြည့် ၁၀၀၊ အကဲဖြတ်အမှတ်ပေးခြင်းအတွက် အမှတ်ပြည့် ၁၀၀ ပေးထားသည့်အနက် အနည်းဆုံးအမှတ် ၄၀ စီ ရရှိသူများအား ပြုလုပ်ပေးရမည် ” ဟုပြဌာန်းထားပါသည်၊
၁၀။ ၃၀-၇-၂၀၁၇ နေ့တွင်ကျင်းပခဲ့သည့် စာရင်းစစ်-၃ ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ရေး ရေးဖြေစာမေးပွဲတွင် ဖြေဆိုခွင့်ရှိသူ စုစုပေါင်း ၂၇၆၃ ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၂၂၄၄ ဦး ရှိပါသည်။ ဝင်ရောက်ဖြေဆိုသူများ အနက် စာမေးပွဲအောင်မြင်သူ ၂၀၄ ဦးကိုသာ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၈(က)နှင့်အညီ လူတွေ့ဖြေဆိုခွင့် ရရှိသူများအဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။
၁၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကို စစ်ဆေးရေးဦးစီးဌာနနှင့် စီမံရေးရာ၊လေ့ကျင့်ရေးနှင့်သုတေသနဦးစီးဌာန ဟု ခွဲခြားပြီးနောက်ပိုင်း ရာထူးတိုးရေးဖြေစာမေးပွဲမေးခွန်း၏ စုစုပေါင်းပေးမှတ် ၁၀၀ အတွက် စစ်ဆေးရေးဦးစီးဌာနက အမှတ် ၅၀၊ စီမံရေးရာ၊လေ့ကျင့်ရေး နှင့်သုတေသနဦးစီးဌာနက အမှတ် ၅၀ ခွဲခြားပြီး မေးခွန်းလွှာပြုစုခြင်း၊ အဖြေ လွှာစစ်ဆေးခြင်းများ စနစ်တကျဆောင်ရွက်ပါသည်။
၁၂။ ရေးဖြေစာမေးပွဲမေးခွန်းသည် စာတွေ့နှင့်လက်တွေ့ပေါင်းစပ်ထားသည့် စာရင်းစစ်တစ်ဦး သိသင့်သိထိုက် သည့်အချက်အလက်များကို မေးမြန်းထားသည့်မေးခွန်းဖြစ်၍ ရာထူးလုပ်သက် နုရင့်မရွေး ဖြေဆိုနိုင်သည့် မေးခွန်းဖြစ် ပါသည်။
၁၃။ ရာထူးတိုးမြှင့်ရေးကိစ္စကို ပြည်ထောင်စုစာရင်းစစ်ချုပ်၏ လမ်းညွှွှန်မှုကိုခံယူပြီး တိုးမြှင့်ခန့်ထားမည့်ရာထူး တာဝန်ကိုနိုင်နင်းစွာ ထမ်းဆောင်နိုင်စွမ်း ရှိ မရှိ အရည်အချင်းစစ်ဆေးရေးအဖွဲ့ဖြင့် စနစ်တကျဆောင်ရွက်ခြင်း ဖြစ်ပါသည်။
၁၄။ ဝန်ထမ်းများ၏ စွမ်းဆောင်မှုအရည်အချင်းကိုလိုက်၍ ရာထူးတိုးမြှင့်ပေးခြင်း (Performance and Promotion) လုပ်ငန်းစဉ် အရ ဝန်ကြီးဌာနအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဝန်ထမ်းများ၏ အရည်အချင်းပေါ်မူတည်၍ သတ်မှတ်ပြဌာန်းထားသည့်အတိုင်း ရာထူးတိုးမြှင့်ပေးခြင်းရှိမရှိ စောင့်ကြည့်လေ့လာ စိစစ်ရန်မှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လုပ်ငန်းစဉ်တွင် ပါဝင်ပါသည်။
၁၅။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေပုဒ်မ ၁၃ တွင် “ပြည်ထောင်စုရာထူးဝန်အဖွဲ့သည်ဝန်ထမ်းများနှင့် ပတ်သက်သည့်လိုအပ်သောအချက်အလက်များကို သက်ဆိုင်ရာဝန်ထမ်းအဖွဲ့များထံမှ တောင်းခံခွင့်ရှိပါသည်“ ဟု ပြဌာန်းထားပါသည်။ ထိုပြဌာန်းချက်အရ ဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဝန်ထမ်း များအားရာထူးတိုးမြှင့်ပေးရာတွင်သတ်မှတ်ပြဌာန်းထားသည့်အတိုင်းဆောင်ရွက်မှု ရှိမရှိစိစစ်ရန်တန်းစီဇယားများအား တောင်းခံလျှက်ရှိရာ ပထမအဆင့်အနေဖြင့် ဒုတိယညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးများအတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ၁၄-၆-၂၀၁၆ ရက်စွဲပါဖြင့် တောင်းခံခဲ့ပြီးဖြစ်ပါသည်။
၁၆။ သို့ပါ၍ ဤရုံးအနေဖြင့် ရာထူးတိုးမြှင့်ပေးခြင်းကိစ္စရပ်များကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ များပါ သတ်မှတ်ပြဌာန်းချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
နေပြည်တော်
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်
1. U Maw Than, the Auditor General of the Union, received the delegation led by Mr. Anders Hjertstrand, Expert of EU Mission at the office of the Auditor General of the Union, Nay Pyi Taw at 2း00 p.m. on 12th September, 2017.
2. In the meeting, they discussed the matters concerning Study for Mandate, Legal framework and Organizational structure, current implementation of the operation of OAG, follow-up second mission for Mr. Raywatkin's Human Resources Capacities and Capacity Development needs Report and workshop for Study Reports of two EU Experts.
3. At the meeting, Deputy Director Generals and the responsible officers from the office of the Auditor General of the Union were also present.
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် EU Mission မှ Expert ဖြစ်သူ Mr. Anders Hjertstrand ဦးဆောင်သောအဖွဲ့အား ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့တွေ့ဆုံရာတွင် ဤရုံး၏ Mandate, Legal framework and Organizational structure၊ လက်ရှိလုပ်ငန်းများဆောင်ရွက်နေမှူအခြေအနေနှင့် EU Expert ဖြစ်သူ Mr. Raywatkin ဆောင်ရွက်ခဲ့ သည့် Human Resources Capacities and Capacity Development Needs Report နှင့်စပ်လျဉ်း၍ Second Mission ပြုလုပ်ရန်လာရောက်မည့်ကိစ္စ၊ EU Expert (၂)ဦးမှ ပြုလုပ်ထားသည့် Study Report ပါကိစ္စရပ်များအတွက် Workshop ပြုလုပ်မည့်ကိစ္စ စသည်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါ သည်။
၃။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
