၁။ ၂၀၁၈ ခုနှစ်၊အောက်တိုဘာလ (၁၉) ရက်နေ့ နေ့လယ် (၁ း ၀၀) နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံး၊စုပေါင်းခန်းမတွင် အဆင့်မြင့်/အလယ်အလတ်အဆင့်စာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် ( ၉၈ ) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိက များနှင့် သင်တန်းသူ/သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအချက်များကို လမ်းညွှန် မှာကြားခဲ့ပါသည်-
- နိုင်ငံတော် အဖွဲ့အစည်းများမှ ဝန်ထမ်းများကို အခြေခံအဆင့်၊ အလယ်အလတ်အဆင့် နှင့် အဆင့်မြင့်ဟူ၍ အဆင့် ၃ ဆင့် ခွဲခြားကာ စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊
- ယခု သင်တန်းသို့ ဝန်ကြီးဌာနအသီးသီးအောက်ရှိ ဦးစီးဌာနများ၊ စီးပွားရေးအဖွဲ့အစည်း များမှ သင်တန်းသူ/သား (၁၁၉) ဦးသည် အဆင့်မြင့်သင်တန်း၊ သင်တန်းသူ/သား (၁၂၄) ဦးသည် အလယ်အလတ်အဆင့်သင်တန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိူးရေးဦးစီးဌာနမှ သင်တန်းသူ/သား(၁၆၈) ဦးသည် အလယ်အလတ် အဆင့်သင်တန်းသို့ တက်ရောက်ကြသည့်အတွက် စုစုပေါင်း (၄၁၁) ဦး တက်ရောက်ခဲ့ ကြောင်း၊
- နိုင်ငံတော်ကြီးအား စနစ်သစ်ဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်အဖြစ် တည်ဆောက်သည့်နေရာတွင် ဝန်ထမ်းအသီးသီးသည် ပြည်သူများ၏အကျိုးစီးပွားကို မြှင့်တင်ကာကွယ်စောင့်ရှောက်ပေးကြရမှာဖြစ်ကြောင်း၊
- ကထိကများကလည်း တကယ်နားလည်တတ်ကျွမ်းပြီး အရည်အချင်းပြည့်ဝသည့်သူ များ ပေါ်ထွက်လာရန်အတွက် ရည်ရွယ်ချက်များထားရှိပြီး သင်ကြားပေးခြင်းဖြစ်ကြောင်း၊
- သင်တန်းတွင်သင်ကြားပေးလိုက်သည့် ဘာသာရပ်အားလုံးသည် သင်တန်းသူ/သား များ သိသင့်သိထိုက်၊ ကျွမ်းကျင်သင့်ကျွမ်းကျင်ထိုက်သည့် အခြေအနေအရပ်ရပ်ကို ခြုံငုံမိအောင် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊
- မိမိအလုပ်ကို ကျွမ်းကျင်အောင်မြင်စွာလုပ်ကိုင်နိုင်ခြင်းအားဖြင့် မိမိသာမက မိမိတို့၏ အဖွဲ့အစည်း၊ မိမိတို့၏နိုင်ငံတွင်လည်းအကျိုးရှိပြီး သင်တန်းဖွင့်လှစ်ပေးသည့် ဤရုံးနှင့် သင်ကြားပို့ချပေးလိုက်သည့် ကထိကများ၏စေတနာကိုလည်း တန်ဖိုးထားရာရောက် ကြောင်း၊
- လုပ်ငန်းဆောင်ရွက်ရာမှာ စာရင်းများကို စည်းမျဉ်းစည်းကမ်းနဲ့အညီ အမှားအယွင်းမရှိ ရေးဆွဲနိုင်ပြီး မမှန်မကန်မှု၊ လေလွင့်ဆုံးရှုံးမှုများမဖြစ်အောင် လုပ်ဆောင်ကြရန် မှာကြား လိုကြောင်း၊
- နိဂုံးချုပ်အနေနှင့် သင်တန်းသူ/သားများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ဝန်ထမ်းများစောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်သိက္ခာ၊ စည်းမျဉ်းစည်းကမ်းများ လိုက်နာရန်နှင့်စာမေးပွဲကို အဆင့်ကောင်းကောင်းဖြင့် အောင်မြင်၍ မိမိတို့သင်ကြားခဲ့သည့် ပညာရပ်များဖြင့် နိုင်ငံတော်နှင့်ပြည်သူများ အကျိုးကို ဆထက်ထမ်းပိုးတိုးပြီး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့် ဝန်ထမ်းကောင်းများ ဖြစ်ကြရန်မှာကြားလိုကြောင်း၊
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နေ့လယ် ( ၁ း ၃၀ ) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
Testing Testing
1. U Maw Than, the Auditor General of the Union received ADB Mission led by Mr. Newin Sinsiri, Country Director, at the Office of the Auditor General of the Union (OAGM), Nay Pyi Taw at 2:00 p.m on 28th September, 2018.
2. In this meeting, they discussed the provision of ADB’s Technical Assistance to OAGM and future support, the matters of Quality Assurance for Audit and outsourcing for the ADB funded projects auditing in Myanmar.
3. At the meeting, Director General (Audit Department) and responsible persons from the Office of the Auditor General of the Union were also present.
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ADB မှ Country Director Mr. Newin Sinsiri ဦးဆောင်သော အဖွဲ့အား ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့ နေ့လယ် ၂း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့ တွေ့ဆုံရာတွင် ADB မှ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအား ကူညီထောက်ပံ့ ပေးနေသည့် Technical Assistance အခြေအနေ၊ Quality Assurance for Audit နှင့် ADB ငွေကြေးထောက်ပံ့မှုစီမံကိန်းများ စစ်ဆေးရန်အတွက် Outsourcing ပြုလုပ်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။
၃။ အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။


၁။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့ နေ့လည်(၁း၃၀) နာရီအချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ်- ၃ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်- ၄၈ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား / သင်တန်းသူ- ၁၁၂ ဦး တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်-
- စာရင်းစစ်များလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊
- လက်တွေ့လုပ်ငန်းခွင်မှာ Basic Unit များဖြစ်ကြတဲ့ စာရင်းစစ်များရဲ့ အရည်အသွေးမြှင့်တင်ပေးလိုပြီး စာရင်းစစ်ဆေးခြင်းအတတ်ပညာများ ပို၍ကျွမ်းကျင်တတ်မြောက်စေလိုကြောင်း၊
- စာရင်းစစ်ကျင့်ဝတ်သိက္ခာများကို လိုက်နာသော၊ လုပ်ငန်းကျွမ်းကျင်၍ မိမိတို့ရဲ့အဖွဲ့အစည်းအပေါ် တန်ဖိုးထားတတ်သော စာရင်းစစ်များ ပေါ်ထွန်းလာစေလိုကြောင်း၊
- ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေက ပေးအပ်တဲ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ တစ်ဦးချင်းစီ၏ အရည်အသွေးများ ဖြည့်ဆည်းကြဖို့ လိုအပ်ကြောင်း၊
- တွေးခေါ်မြော်မြင်တတ်မှုနှင့် ဝေဖန်ပိုင်းခြားနိုင်သောစွမ်းရည်များ ပြည့်ဝအောင် လေ့ကျင့်သင်ယူကြစေလိုကြောင်း၊
- ကိုယ့်ကိုယ်ကိုယ် ပျိုးထောင်တဲ့နေရာမှာ စိတ်ဓာတ်၊ စည်းကမ်း၊ စေတနာ ကောင်းထားကြဖို့လိုကြောင်း၊
- မိမိတို့လုပ်ငန်းများကို ဆောင်ရွက်ရာတွင် သိက္ခာရှိစွာ ဖြောင့်ဖြောင့်မတ်မတ် ဆောင်ရွက်ကြဖို့လိုကြောင်း၊
- စစ်ဆေးရေးအရည်အသွေးများ အမြဲတိုးတက်ရှင်သန်နေအောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ မှာကြားလိုကြောင်း လမ်းညွန်ခဲ့ပါသည်။
၄။ အခမ်းအနားကို နေ့လည် ( ၂ း ၀၀ ) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
