OFFICE OF THE AUDITOR GENERAL OF THE UNION

ဒုတိယညွှန်ကြားရေးမှူးများမွမ်းမံသင်တန်းအမှတ်စဉ် ( ၁ / ၂၀၁၉ ) သင်တန်းဆင်းပွဲ အခမ်းအနား

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ    ၂၀    ရက်

၁။        ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၃ : ၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ဒုတိယညွှန်ကြားရေးမှူးများမွမ်းမံသင်တန်းအမှတ်စဉ် ( ၁ / ၂၀၁၉ ) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

၂။         အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/ သင်တန်းသား ၆၂ ဦး တက်ရောက်ခဲ့ကြပါသည်။

၃။        အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည် -

  • ယခုသင်တန်းသည် ကထိကများ၏ အတွေ့အကြုံ၊ အသိပညာနှင့် သင်တန်းသားများ၏ အတွေ့အကြုံ၊ အသိပညာများ ပေါင်းစည်းဖလှယ်ရေး၊ မွမ်းမံသင်တန်းများဖွင့်လှစ်ခြင်းဖြင့် ဝန်ထမ်းများစွမ်းဆောင်ရည် ပိုမိုအားကောင်းရေးနှင့် စစ်ဆေးရေးလုပ်ငန်းကို ထိရောက်အကျိုးရှိစွာ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံနှင့်ပြည်သူ့အကျိုးစီးပွားကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါကြောင်း၊
  • ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈)အရ နိုင်ငံတော်၏ အရအသုံး စာရင်းများစစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်း၊ ဝန်ထမ်းဖွဲ့စည်းပုံ၊ ခန့်ထားခြင်း နှင့် လုပ်ငန်းတာဝန်ဆီလျော်မျှတမှုနှင့် အခြားတာဝန်များအပါအဝင် ထမ်းဆောင်ရမည့်တာဝန်များ ပိုမိုကျယ်ပြန့်လာပါကြောင်း၊
  • ဥပဒေအရပေးအပ်ထားသည့်တာဝန်ကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် မဟာဗျူဟာစီမံ ချက်( ၂၀၁၈ - ၂၀၂၂) ချမှတ်၍ အဆင့်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊
  • ခေတ်စနစ်အရ နည်းပညာတိုးတက်မှုမြန်နှုန်းနှင့်အတူ သတင်းအချက်အလက် ပြောင်းလဲဖြစ်ပေါ် မှုများကို လက်လမ်းမီသိရှိကာ ပေါင်းစပ်ဆောင်ရွက်နိုင်သည့် အရည်အချင်းလိုအပ်ကြောင်း၊
  • ပြောင်းလဲလျက်ရှိတဲ့ ခေတ်ရေစီးအရ အသစ်ဖြစ်သော ဗဟုသုတများ၊ အတွေးအမြင်သစ်များကို မျက်ခြည်မပြတ်လက်လှမ်းမီသိရှိနေရန် ကြိုးစားခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး၊ အဖွဲ့အစည်း တစ်ခုနှင့်တစ်ခု ချိတ်ဆက်ဆောင်ရွက်ရာတွင် ဗဟုသုတအလှမ်းကွာဟမှုမျိုး (Knowledge Gap) မရှိဘဲ လုပ်ငန်းကို ပို၍ ထိထိရောက်ရောက် လုပ်ကိုင်နိုင်စွမ်းရှိမည် ဖြစ်ပါကြောင်း၊
  • မိမိတို့ တစ်ဦးချင်းစီ၏ အရည်အသွေးမြှင့်တင်ခြင်း၊ တာဝန်ကျေပွန်ခြင်း၊ စည်းကမ်းကောင်းမွန် ခြင်းဖြင့် မိမိတို့ရုံး၏ ဂုဏ်သတင်းကို ဆောင်ကြဉ်းနိုင်သော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ကြ ပါစေလို့ တိုက်တွန်းကြောင်း၊

၄။        သင်တန်းဆင်းပွဲအခမ်းအနားကို မွန်းလွဲ  ၃  : ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

လက်မှတ်ရပြည်သူ့စာရင်းကိုင်များအဖြစ် မှတ်ပုံတင်ရန် အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုခွင့်ရရှိသူများ စာရင်းထုတ်ပြန်ခြင်း
The Union Auditor General attended the 5th ASEANSAI Summit

The delegation led by U Maw Than, Union Auditor General,  and Director General (Audit Department) and another participant as members, totalling three delegates, attended the 5th ASEANSAI Summit which was held in Kuala Lumpur, Malaysia from 4th to 7th  November, 2019. Auditor Generals and representatives from ASEAN Countries and representatives from donor countries were present at the Summit.

The reports of the performance of the Head of Secretariat Function, the Strategic Planning Committee, the Rules and Procedures Committee, the Knowledge Sharing Committee and the Training Committee for the period 2018-2019 were presented respectively and approved. The 2nd Revision of ASEANSAI Rules and Procedures, the Upgraded ASEANSAI Guideline on Monitoring & Evaluation System and the ASEANSAI Guideline on Audit of Public Procurement were also approved.

During the summit, the Auditor General of Malaysia and the Auditor General of the Union of the Republic of the Union of Myanmar were appointed as the Chairman and Vice-Chairman of ASEANSAI for the tenure 2020-2021. Chairmen of ASEANSAI Committees were also approved and appointed for the tenure.

ပြည်ထောင်စုစာရင်းစစ်ချုပ်သည် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၅) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး တက်ရောက်ခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ် ဉီးမော်သန်း ဦးဆောင်သည့် ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး ဦးစီးဌာန) နှင့် အဖွဲ့ဝင် (၁) ဦး၊ စုစုပေါင်း (၃) ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှ (၇)ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သောအရှေ့တောင်အာရှ နိုင်ငံများဆိုင်ရာစာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၅) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အရှေ့တောင်အာရှနိုင်ငံများမှ စာရင်းစစ်ချုပ်များ နှင့်ကိုယ်စားလှယ်များ၊  အခြားအလှူရှင်နိုင်ငံများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် အဖွဲ့၏ အတွင်းရေးမှူးချုပ်ရုံး လုပ်ငန်းဆောင်ရွက်မှုအဖွဲ့အကြီးအကဲ၊   မဟာဗျူဟာစီမံချက်ရေးဆွဲရေးကော်မတီ၊ စည်းမျဉ်းနှင့်လုပ်ထုံးလုပ်နည်းကော်မတီ၊ အသိပညာမျှဝေရေးကော်မတီနှင့် လေ့ကျင့်ရေးကော်မတီတို့၏ ၂၀၁၈-၂၀၁၉ ခုနှစ်ကာလအတွင်းဆောင်ရွက်ခဲ့မှု များကို သက်ဆိုင်ရာများက အစီရင်ခံတင်ပြကြပြီး ၎င်းတို့အား အတည်ပြုခဲ့ပါသည်။ ယင်းအပြင် 2nd Revision of ASEANSAI Rules and Procedures၊ Upgraded ASEANSAI Guideline on Monitoring & Evaluation System နှင့် ASEANSAI Guideline on Audit of Public Procurement တို့ကိုလည်း အတည်ပြုနိုင်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် မလေးရှားနိုင်ငံစာရင်းစစ်ချုပ်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်တို့ အား ၂၀၂၀ မှ ၂၀၂၁ ခုနှစ်အထိကာလအတွက် အဖွဲ့၏ ဉက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌများ အဖြစ် ခန့်အပ် တာဝန်လွှဲအပ်ခဲ့ပြီး သက်ဆိုင်ရာကော်မတီအသီးသီး၏ ဉက္ကဋ္ဌများကိုလည်း ပြန်လည်အတည်ပြုခန့်ထားခဲ့ကြပါသည်။

ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်းအမှတ်စဉ် - ၄၁ တက်ရောက်ခွင့်ရသူများ စာရင်းထုတ်ပြန်ခြင်း
ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်းအမှတ်စဉ် - ၄၁ တက်ရောက်ခွင့်ရသူများ စာရင်းထုတ်ပြန်ခြင်း
လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း) သင်တန်းအမှတ်စဉ် - ၄၆ သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း) သင်တန်းအမှတ်စဉ် - ၄၆ သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

List Of Student Names for DA I 41

Pages

Subscribe to Front page feed