News and Activities

  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သတင်းထုတ်ပြန်ချက် ၂၀၁၉ ခုနှစ် ၊ မေလ ၃ ရက် ၁။      ၂၀၁၉ ခုနှစ်၊ မေလ ၃ ရက်နေ့ နံနက် (၉:၀၀) နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ မုံရွာစီးပွားရေးတက္ကသိုလ်နှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် မဟာတန်းနှင်နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများ အလုပ်သင် လာရောက်ခြင်းကို ကြိုဆိုသည့်အခမ်းအနားကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သတင်းထုတ်ပြန်ချက် ရက်စွဲ ၂၀၁၉ ခုနှစ် ဧပြီလ ၂၄ ရက် ၁။     ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ(၁/၂၀၁၉) ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးစုပေါင်းခန်းမ၌ ယနေ့နံနက်ပိုင်းကကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ဉီးမော်သန်း တက်ရောက်အမှာစကားပြောကြားသည်။
  ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း        ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် လိုက်ပါလျှက်၂၆-၃-၂၀၁၉ရက်နေ့တွင်ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်အတွင်းရှိ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်နှင့်ခရမ်းမြို့နယ်များရှိ စာရင်းစစ်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သတင်းထုတ်ပြန်ချက်  ၂၀၁၉ ခုနှစ်၊   မတ်လ ၂၉ ရက် ၁။         ၂၀၁၉ ခုနှစ်၊ မတ်လ ၂၉  ရက်နေ့ နံနက် ၉:၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ဒီပလိုမာစာရင်းကိုင်(ဒုတိယပိုင်း) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။
၁။        ၁၃၈၀ပြည့်နှစ် တပေါင်းလပြည့်နေ့ ( ၂၀-၃-၂၀၁၉ ရက်နေ့ ) တွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်၌ ကျင်းပပြုလုပ်သော ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ပါဝင်လောင်းလှူခဲ့ပါသည်။ ၂။     အဆိုပါလောင်းလှူပွဲတွင် ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး (၂၅၅) ပါး၊ ဘွဲ့တံဆိပ်တော်ရ သီလရှင်(၁၄) ပါး၊ အခမ်းအနားသို့ ကြွရောက်လာသည့် ဆရာတော်ကြီး (၆၂) ပါး၊ စုစုပေါင်း (၃၃၁) ပါး တို့အား လှူဖွယ်ဝတ္ထုငွေ ကျပ် ၇,၈၅၈,၅၀၀/- နှင့် ပစ္စည်းတန်ဖိုး ကျပ် ၉၂၃,၃၀၀/- စုစုပေါင်း တန်ဖိုး ကျပ် ၈,၇၈၁,၈၀၀/- အား ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။

Pages