OFFICE OF THE AUDITOR GENERAL OF THE UNION

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သတင်းထုတ်ပြန်ချက် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ( ၂၅ )ရက်နေ့

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ( ၂၅ )ရက်နေ့

၁။      ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ( ၂၄ ) ရက်နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများတွင်  လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် - ၅၁ သင်တန်းများဖွင့်လှစ်ခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် သင်တန်းသူ / သင်တန်းသား ( ၅၁ ) ဦး၊ ကချင်ပြည်နယ်စာရင်းစစ်ချုပ်ရုံးတွင် သင်တန်းသူ / သင်တန်းသား ( ၆ ) ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးတွင် သင်တန်းသူ / သင်တန်းသား ( ၂၆ ) ဦး၊ တနင်္သာရီတိုင်း ဒေသကြီးစာရင်းစစ်ချုပ်ရုံးတွင် သင်တန်းသူ / သင်တန်းသား ( ၁၀ ) ဦး၊ ပဲခူးတိုင်း ဒေသကြီး စာရင်းစစ်ချုပ်ရုံးတွင် သင်တန်းသူ / သင်တန်းသား ( ၃၈ ) ဦး၊ မကွေးတိုင်း ဒေသကြီး စာရင်းစစ်ချုပ်ရုံးတွင် သင်တန်းသူ / သင်တန်းသား ( ၁၅ ) ဦး၊ ရခိုင်ပြည်နယ် စာရင်းစစ်ချုပ်ရုံးတွင် သင်တန်းသူ / သင်တန်းသား ( ၂၉ ) ဦး၊ ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံးတွင် သင်တန်းသူ / သင်တန်းသား ( ၃၇ ) ဦး နှင့် ဧရာဝတီတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးတွင် သင်တန်းသူ / သင်တန်းသား ( ၂၄ ) ဦး စုစုပေါင်း ( ၂၃၆ ) ဦး ဖြစ်သော်လည်း ရခိုင်ပြည်နယ်စာရင်းစစ်ချုပ်ရုံးတွင် COVID – 19 ဖြစ်ပွားမှုအခြေ အနေကြောင့် သင်တန်းဖွင့်လှစ်နိုင်မှုမရှိခဲ့သဖြင့် စုစုပေါင်း ( ၂၀၇ ) ဦး သင်တန်းတက် ရောက်ခဲ့ပါသည်။

၂။       အဆိုပါသင်တန်းဖွင့်လှစ်မှုတွင်  ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း သင်တန်းဖွင့် လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည် -

  • ယခုဖွင့်လှစ်သော သင်တန်းသည် လက်ထောက်စာရင်းစစ်မှူးများအတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းဖြစ်၍   အရေးကြီးသောသင်တန်းဖြစ်ကြောင်း၊
  • လက်ထောက်စာရင်းစစ်မှူးများသည် အခြေခံစာရင်းပညာ သင်ယူတတ်မြောက်ပြီးသူများ ဖြစ်ကြသော်လည်း လုပ်ငန်းခွင်တွင် လက်တွေ့ကျကျ ထိထိရောက်ရောက် တာဝန်ထမ်းဆောင်နိုင်ရန် ကျွမ်းကျင်မှုများ လိုအပ်နေသေးသည့်အတွက် ကျွမ်းကျင်သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊
  • လက်ထောက်စာရင်းစစ်မှူးများသည် နိုင်ငံပိုင်ကဏ္ဍစာရင်းစစ်များ (Public Sector Auditors) ဖြစ်ကြသဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအရ အပ်နှင်းထားသော စာရင်းစစ်ဆေးခြင်းလုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင် ကြရမည်ဖြစ်ကြောင်း၊
  • ယခုသင်တန်းတွင် စာရင်းစစ်ဆေးခြင်းဆိုင်ရာ အခြေခံသဘောတရားများ၊ အခြေခံစာရင်းပညာများ၊ စာရင်းစစ်ဆေးရာတွင် ကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ဝန်ထမ်းစည်းမျဉ်းများ၊ စာရင်းစစ်ဆေးခြင်း နှင့် စပ်လျဉ်း၍      ISSAI Based Financial Audit,    ISSAI Based Performance Audit,         ISSAI Based Complainance Audit ၊ စောင့်ထိန်း ရမည့်ကျင့်ဝတ်များနှင့် ခေါင်းဆောင်မှုအပေါ်လိုက်ပါခြင်းစသည့် စာရင်းစစ်များ သိသင့် သိထိုက်သည်များကို ပို့ချပေးသွားမှာဖြစ်ကြောင်း၊
  • ဘာသာရပ်ဆိုင်ရာသင်ကြားတဲ့ ကထိကများအနေနဲ့ မိမိတို့သင်ကြားတဲ့ ဘာသာရပ်တွေကို လက်တွေ့စာရင်းစစ်ဆေးတဲ့အခါမှာ Apply လုပ်လို့ရ အောင်ချိတ်ဆက်သင်ကြားပေးရန်၊ သင်ကြားတဲ့ဘာသာရပ်များကိုလည်း စာရင်းစစ်အမြင်နဲ့ ချဉ်းကပ်ပို့ချပေးရန်၊ မိမိရဲ့အတွေ့အကြုံကောင်းများကို မျှဝေသင်ကြားပေးစေရန် မှာကြားလိုကြောင်း၊
  • လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချရမည့် ဗဟုသုတ၊ ပညာများကို ပို့ချပေး ခြင်းဖြစ်၍ ပို့ချသည့်သင်ခန်းစာများအားလုံး ကျေညက်ဖို့လိုကြောင်း၊
  • သင်တန်းသူ/သားများသည် နိုင်ငံပိုင်ကဏ္ဍစာရင်းစစ်များဖြစ်ကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ စာရင်းနှင့် လုပ်ငန်းစစ်ဆေးခြင်း လုပ်ငန်းတာဝန်များကိုပါ ကျေပွန်စွာထမ်းဆောင်ကြ ရမှာဖြစ်ကြောင်း၊ မိမိရဲ့လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ဖို့လိုအပ်တဲ့ အသိပညာ၊ အတတ်ပညာများကို ကျွမ်းကျင်မှုအရည်အချင်းပြည့်ဝနေရေး အစဉ်ကြိုးစားအားထုတ်နေကြဖို့လိုကြောင်း၊
  • ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်း၊ လိုက်နာမှု စစ်ဆေးခြင်းအပါအဝင် စစ်ဆေးရေးအထောက်အကူပြု ဘာသာရပ်အားလုံးကို လက်တွေ့လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချရမည်ဖြစ်၍ သင်တန်းကာလအစ မှ အဆုံးအထိ ဇွဲလုံ့လရှိရှိ လေ့လာဆည်းပူးရန် မှာကြားလိုကြောင်း၊
  • မိမိ၏ အထက်အကြီးအကဲက မိမိအပေါ် မျှော်လင့်သော အားကိုးအားထား ပြုနိုင်မှု(Reliability) ၊ အပေါင်းလက္ခဏာဆောင်သောအမြင်ရှိမှု(Positivism) ၊  တိုးတက်အောင်မြင်အောင် လုပ်ကိုင်လိုသောဆန္ဒရှိမှု (Ambition) ၊ ကြိုးစား အားထုတ်မှု (Effort) နှင့် အဖွဲ့အစည်းအပေါ်သစ္စာရှိမှု (Loyalty) အချက်များ ကိုလည်း ဖြည့်ဆည်းနိုင်အောင်ကြိုးစားကြရန် မှာကြားလိုကြောင်း၊
  • သင်တန်းတွင် ပို့ချခဲ့သည်များကို ပြန်လည်ဆန်းစစ်သော စာမေးပွဲဖြေဆိုကြ ရမှာဖြစ်သဖြင့် ကြိုးစားလေ့လာသင်ယူကြစေလိုပြီး နိုင်ငံအတွက် အားကိုးရ သော စာရိတ္တကောင်းမွန်သော ဝန်ထမ်းကောင်းများဖြစ်ရေး ကြိုးပမ်းကြဖို့ တိုက်တွန်းမှာကြားခဲ့ပါသည်။