OFFICE OF THE AUDITOR GENERAL OF THE UNION

 

ဦးစီးအရာရှိများမွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနား

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

၂၀၁၉ ခုနှစ်၊ ဇွန်လ (   ၂၄  ) ရက်

၁။      ၂၀၁၉ ခုနှစ်၊ ဇွန်လ ( ၂၁ ) ရက်နေ့ မွန်းလွဲ   ၃ :  ၃၀  နာရီ၌ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ဦးစီးအရာရှိများမွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းတက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

၂။       အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/သင်တန်းသား (၈၃) ဦး တက်ရောက်ခဲ့ကြပါ သည်။

၃။      အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက အောက်ပါ အတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည် -

  • ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီ “စာရင်းပညာတိုးတက်ပြန့် ပွားရေး” နှင့် “လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ရေး” ရည်ရွယ်ချက်ဖြင့် မိမိတို့ လက်တွေ့ဆောင်ရွက်ခဲ့သည့် စစ်ဆေးရေး လုပ်ငန်းများ၏ အတွေ့အကြုံများကို အခြေပြုကာ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် အလေ့အထများနှင့် နှိုင်းယှဉ်သုံးသပ်ကာ အကြောင်း အရာစုံလင်စွာဖြင့် ပို့ချဆွေးနွေးပေးထားကြောင်း၊
  • မိမိတို့ရုံး၏ တာဝန်ရှိမှုအပိုင်း ပို၍ကျယ်ပြန့်လာသည့်နည်းတူ မိမိတို့ ကျရာအခန်းကဏ္ဍမှ ထိထိရောက်ရောက်‌ ဆောင်ရွက်သင့်သည့်အချက်များ၊ ဥပေဒ၊ စည်းမျဉ်းများနှင့် လိုက်လျောညီထွေမရှိမှုများကို အပြုသဘော ဆောင်သည့်ရှုထောင့်မှ တည့်မတ်ထိန်းကျောင်းပေးကြစေလိုကြောင်း၊
  • သင်တန်းသူ/သားများသည် မိမိတို့ရရှိသည့် အသိပညာများကို လုပ်ဖော် ကိုင်ဘက်များအား လက်ဆင့်ကမ်းမျှဝေရန်၊ ခေတ်စနစ်နှင့် ပညာရပ်များ၏ ပြောင်းလဲနေမှုအပေါ် လိုက်လျောညီထွေ လိုက်ပါနိုင်သော အရည်အချင်း ကို ပြုစုပျိုးထောင်ကြစေလိုကြောင်း၊
  • မိမိတို့အဖွဲ့အစည်းက ချမှတ်ထားသည့်လုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင် ရွက်မည့် အခင်းအကျင်း၊ အစီအမံများကို မျက်ခြည်မပြတ် သိရှိနားလည် ထားရန်လိုကြောင်း၊
  • ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ မိမိတို့၏ လုပ်ငန်းတာဝန်များ ပိုမိုကျယ်ပြန့်လာသည်ကို တွေ့ရှိနိုင်ကြောင်း၊ လုပ်ငန်း အတွက် လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ သဘော တူညီချက်ဖြင့် တတ်သိပညာရှင်များ၏ ကျွမ်းကျင်မှုအကူအညီ ရယူ ဆောင်ရွက်ခြင်းကိုလည်း ဥပဒေအရ ခွင့်ပြုထားပြီးဖြစ်ကြောင်း၊
  • လုပ်ငန်းဆောင်ရွက်ရာတွင် ခက်ခဲသည့်စိန်ခေါ်မှုများ ကြုံတွေ့နိုင်ပြီး စိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ်မှတ်ယူ၍ မိမိတို့၏ ကိုင်တွယ်ဖြေရှင်း နိုင်စွမ်းကိုပြသရန် လိုပါကြောင်း၊
  • စစ်ဆေးရေးလုပ်ငန်းများတွင် ရလဒ်ကောင်းများထွက်ပေါ်ရေး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းကျင့်ဝတ်သိက္ခာကို စောင့်ထိန်းကြရန်၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့် အနေဖြင့် ပါဝင်ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။

၄။      သင်တန်းဆင်းပွဲအခမ်းအနားကို မွန်းလွဲ    ၄ :  ၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။