OFFICE OF THE AUDITOR GENERAL OF THE UNION

 

စာရင်းစစ်-၁ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်-၃၄ သင်တန်းဆင်းပွဲအခမ်းအနား

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

၂၀၁၉ ခုနှစ်၊ မတ်လ (   ၁  ) ရက်

၁။        ၂၀၁၉ ခုနှစ်၊ မတ်လ (၁) ရက်နေ့ နံနက် (၉ : ၀၀) နာရီအချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ်-၁ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်-၃၄ သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်-

၂။         အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်း ကထိကများနှင့် သင်တန်းသား/သူ ( ၁၁၂ ) ဦး တက်ရောက်ခဲ့ပါသည်။

၃။        အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါတို့ကို လမ်းညွှန်မိန့်ကြားခဲ့ပါသည်-

  • စာရင်းစစ် - ၁ များသည် စစ်ဆေးရေးအဖွဲ့များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက် ကြသည့်အတွက် လုပ်ငန်းကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊
  • သင်တန်းမှ ပို့ချလိုက်သည့် အတတ်ပညာ၊ ဗဟုသုတများဖြင့်သာရပ်မနေဘဲ ကိုယ်တိုင် လေ့လာဆည်းပူးခြင်း( Self Education ) လုပ်ရန်လိုအပ်ကြောင်း၊
  • ကိုယ်ကျင့်တရားကောင်းမွန်သော ဝန်ထမ်းကောင်းများအဖြစ် နိုင်ငံ၏အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်သောသူများ ဖြစ်စေလိုကြောင်း၊
  • ခေါင်းဆောင်မှုပေးရမည့်ရာထူး၌ ခေါင်းဆောင်မှုစွမ်းရည်ရှိရန် လိုအပ်ကြောင်း၊ Creative Thinking ကောင်းအောင် ပျိုးထောင်စေလိုကြောင်း၊
  • စစ်ဆေးရေးအဖွဲ့များတွင် ခေါင်းဆောင်ဖြစ်သည့် စာရင်းစစ် - ၁ များသည် စာရင်းစစ် - ၃ များကို သင့်တင့်မျှတစွာ တာဝန်ခွဲဝေပေးရန် လိုအပ်ကြောင်း၊
  • Team Work ဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်ရန် လိုအပ်ကြောင်း၊
  • စာရင်းစစ်ဆေးရေးလုပ်ငန်းများကို ရိုးသားဖြောင့်မတ်စွာဖြင့် ဥပဒေ၊ စည်းကမ်း၊ ကျင့်ဝတ် ဘောင်အတွင်း ရိုးရိုးသားသား သိက္ခာရှိရှိဖြင့် စာရင်းစစ်ဝန်ထမ်းကောင်းများအဖြစ် ပြုမူ နေထိုင်ကြရန် တိုက်တွန်းလိုကြောင်း၊

၄။အခမ်းအနားကို နံနက် ( ၉ : ၃၀ ) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။