OFFICE OF THE AUDITOR GENERAL OF THE UNION

 

News and Activities

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ၁၈-၇-၂၀၁၉ရက်နေ့ နံနက် ၁၀:၀၀နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း တက်ရောက်၍ မဟော်ဂနီပင်၊အုန်းပင် စိုက်ပျိုးပေးခဲ့ပါသည်။အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများကလည်း နှစ်ရှည်ပင်များဖြစ်သည့် ကျွန်းပင်၊ ပျဉ်းကတိုးပင်နှင့် မဟော်ဂနီပင်(၁၀၀)ပင်နှင့် အုန်းပင်၊ ကီလိုမာလကာပင်၊ သံပုရာပင်၊ စိန်တလုံးသရက်ပင်၊ ပိန္နဲပင် စုစုပေါင်း (၁၄၆)ပင် စိုက်ပျိုးပေးခဲ့ပါသည်။
Conducting the Performance Audit (PA) Workshop
  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သတင်းထုတ်ပြန်ချက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ( ၁ ) ရက်နေ့ ၁။      ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ( ၁ ) ရက်နေ့ နံနက် ( ၉ : ၀၀ ) နာရီအချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ် - ၃ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်-၄၉ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
U Maw Than, the Auditor General of the Union, received Mr. Kon Yin Tong, President of Institute of Singapore Chartered Accountants (ISCA), Mr. Gerald Yeo, Senior Director of Teamasek Foundation International (TF Intl) and U Wan Tin, Chairman of Myanmar Institute of Certified Public Accountants (MICPA), at the Call Room of the Office of the Auditor General of the Union, Nay Pyi Taw at 12:30 pm on 26th June, 2019.  
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ လားရှိုးခရိုင်နှင့် မူဆယ်ခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ် စာရင်းစစ်ဝန်ထမ်းများနှင့်တွေ့ဆုံ   ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် လိုက်ပါလျက် ၁၁-၆-၂၀၁၉ မှ ၁၄-၆-၂၀၁၉ ထိ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ လားရှိုး ခရိုင်နှင့် မူဆယ်ခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သတင်းထုတ်ပြန်ချက် ၂၀၁၉ ခုနှစ်၊ ဇွန်လ (   ၂၄  ) ရက် ၁။      ၂၀၁၉ ခုနှစ်၊ ဇွန်လ ( ၂၁ ) ရက်နေ့ မွန်းလွဲ   ၃ :  ၃၀  နာရီ၌ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ဦးစီးအရာရှိများမွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းတက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။ ၂။       အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/သင်တန်းသား (၈၃) ဦး တက်ရောက်ခဲ့ကြပါ သည်။

Pages