OFFICE OF THE AUDITOR GENERAL OF THE UNION

 

News and Activities

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သတင်းထုတ်ပြန်ချက်   ရက်စွဲ၊ ၂၀၁၉ခုနှစ် ၊မေလ (   ၆  ) ရက်   ၁။         ၂၀၁၉ ခုနှစ်၊ မေလ (၆)ရက်နေ့ နံနက် ၉း၀၀ နာရီ၌ မြန်မာနိုင်ငံစာရင်းကောင်စီရုံး၊ သင်တန်းကျောင်းခန်းမ၊ ရန်ကုန်မြို့တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် လက်မှတ်ရပြည်သူ့စာရင်း (ပထမပိုင်း) သင်တန်းအမှတ်စဉ် ၄၅ သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်း ကောင်စီဝင် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် တက်ရောက်၍သင်တန်းဖွင့်လမ်းညွှန်အမှာ စကားပြောကြားခဲ့ပါသည်။
  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သတင်းထုတ်ပြန်ချက် ၂၀၁၉ ခုနှစ် ၊ မေလ ၃ ရက် ၁။      ၂၀၁၉ ခုနှစ်၊ မေလ ၃ ရက်နေ့ နံနက် (၉:၀၀) နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ မုံရွာစီးပွားရေးတက္ကသိုလ်နှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် မဟာတန်းနှင်နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများ အလုပ်သင် လာရောက်ခြင်းကို ကြိုဆိုသည့်အခမ်းအနားကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သတင်းထုတ်ပြန်ချက် ရက်စွဲ ၂၀၁၉ ခုနှစ် ဧပြီလ ၂၄ ရက် ၁။     ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ(၁/၂၀၁၉) ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးစုပေါင်းခန်းမ၌ ယနေ့နံနက်ပိုင်းကကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ဉီးမော်သန်း တက်ရောက်အမှာစကားပြောကြားသည်။
  ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း        ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် လိုက်ပါလျှက်၂၆-၃-၂၀၁၉ရက်နေ့တွင်ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်အတွင်းရှိ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်နှင့်ခရမ်းမြို့နယ်များရှိ စာရင်းစစ်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

Pages