1. U Maw Than, the Auditor General of the Union received the delegation of IMF FAD Mission, led by Ms. Ha Vu, Mission Chief, at the Office of the Auditor General of the Union, Nay Pyi Taw at 10:00 a.m on 16th March, 2018.
2. In this meeting, they discussed the existing implementing conditions, problems, delays, procurement, cost overruns regarding the Infrastructure Projects implemented by Capital expenditure, and recommendations for those projects.
3. At the meeting, the Director General and responsible persons from the Office of the Auditor General of the Union were also present.
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် စင်ကာပူနိုင်ငံ၌ ၁-၃-၂၀၁၈ ရက်နေ့ နှင့် ၂-၃-၂၀၁၈ ရက်နေ့တို့တွင် ကျင်းပခဲ့သည့် လန်ဒန်မြို့ရှိ ချာတာလက်မှတ်ရစာရင်း ကိုင်များအသင်း၏ နိုင်ငံတကာနိုင်ငံပိုင်ကဏ္ဍနှင့်စပ်လျဉ်းသည့် ညီလာခံ (၂၀၁၈ ခုနှစ်) သို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါညီလာခံကို လန်ဒန်မြို့ရှိ ချာတာလက်မှတ်ရစာရင်းကိုင်များအသင်းမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အာဆီယံစာရင်းကိုင်များအဖွဲ့ကလည်း ထောက်ပံ့ကူညီခဲ့ပါသည်။ အီလက်ထရောနစ်ခေတ်တွင် နိုင်ငံပိုင်ကဏ္ဍ၏ ဆန်းသစ်ပြောင်းလဲမှု၊ နိုင်ငံတကာစာရင်းစံ များ အကောင်အထည်ဖော်မှု အပါအဝင် နိုင်ငံပိုင်ကဏ္ဍတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန် ခံမှုတို့၏ အရေးပါပုံ၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် စွမ်းဆောင်ရည်မြှင့်တင်မှု ပိုမို ကောင်းမွန်စေရေးနှင့် စွန့်ဦးတီထွင်သည့် ပတ်ဝန်းကျင်ပေါ်ပေါက်ရေးဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ဲကြပါသည်။
ညီလာခံသို့ နိုင်ငံပေါင်း (၃၀) မှ နိုင်ငံပိုင်ကဏ္ဍတွင် တာဝန်ယူဆောင်ရွက်နေသည့် အဆင့်မြင့်အရာရှိများ၊ စာရင်းကိုင်ချုပ်များနှင့် စာရင်းစစ်များအပါအဝင် ကိုယ်စားလှယ် စုစုပေါင်း (၄၀၀) နီးပါး တက်ရောက်ခဲ့ပါသည်။
U Maw Than, Union Auditor General, attended ACCA International Public Sector Conference 2018 which was held in Singapore on March 1-2, 2018.
The conference was organized by ACCA (The Association of Chartered Certified Accountants) in London and AFA (ASEAN Federation of Accountants) also supported. The topic about the innovating of public sector in the digital age, the importance of transparency and accountability in the public sector including implementation of international standards, the better public financial management and capacity building, and the emerging of entrepreneurial environment were discussed.
At the Conference, nearly 400 delegates including the senior government officials, accountant generals and auditors from 30 countries were present.
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ကြော်ငြာချက်အမှတ် ၁/၂၀၁၈ ဖြင့်
၁၃၇၉ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင် လျှောက်လွှာခေါ်ယူခဲ့ရာတွင် ဤရုံးမှ
ဦးစီးအရာရှိ (၅)နေရာအတွက် လက်မှတ်ရပြည်သူ့စာရင်းကိုင် အောင်လက်မှတ် ရရှိပြီးသူ (CPA) များ လျှောက်ထားနိုင်ပါသည်။
၁။၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂၈ ) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ်-၃ များ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ်(၄၇) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စု စာရင်းစစ်ချုပ် ကိုယ်စား အမြဲတမ်းအတွင်းဝန် တက်ရောက်၍ သင်တန်းဆင်း လမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။
၂။အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား/သင်တန်းသူ (၁၁၃) ဦး တက်ရောက်ခဲ့ပါသည်။
၃။အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-
- ဤရုံးသည် စစ်ဆေးရေး လုပ်ငန်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသော တာဝန်အရ လုပ်ရခြင်းဖြစ်၍ သိမ်သိမ်မွေ့မွေ့နှင့် လိမ္မာပါးနပ်စွာ အလုပ်လုပ်ရန်လိုကြောင်း၊
- စာရင်းစစ် အလုပ်သည် ဉာဏအလုပ်ဖြစ်၍ ဉာဏ်ထက်မြက်ဖို့ လိုအပ်ကြောင်း၊ တက္ကသိုလ်ကျောင်းက သင်ပေးခဲ့သည့် ပညာသည် အခြေခံအဆင့်သာဖြစ် ကြောင်း၊ လက်တွေ့လုပ်ငန်းခွင်မှာ ကျွမ်းကျင်သည့် အဆင့်ရဖို့ လိုအပ်ကြောင်း၊
- တက္ကသိုလ်ကျောင်းက ပေးအပ်သည့် ဘွဲ့များတွင် စာရင်းစစ်ဘွဲ့ မရှိကြောင်း၊ စာရင်းကိုင်ပညာရပ်ကိုသိမှ စာရင်းစစ်တတ်မှာဖြစ်ကြောင်း၊ မွန်မြတ်သောအလုပ် ဖြစ်ကြောင်း၊
- အလုပ်လုပ်သည့်အခါ မြင့်မားသော ရာထူးတာဝန်ကို ထမ်းဆောင်လိုလျှင် မတွက်ကပ်ရကြောင်း၊ အလုပ်ကို စေတနာထား၍ လုပ်ရမည်ဖြစ်ကြောင်း၊ ကိုယ်ချင်းစာ တရားထားရမည်ဖြစ်ကြောင်း၊
- ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမှာ ဖြစ်သည့်အတွက် သင်တန်းသားများသည် ရိုးဖြောင့်ဂုဏ်ရှိသော၊ ငါးပါးသီလ လုံခြုံသော၊ ကိုယ်ချင်းစာ တရားရှိသော၊ နိုင်ငံနှင့် ရုံးအတွက် အားထားရသော လူကောင်းလူတော်တွေဖြစ်ဖို့ ကြိုးစားကြစေ လိုကြောင်း၊
၄။ အခမ်းအနားကို နံနက် (၁၀း၁၅) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
၁။၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၉ )ရက်နေ့ နံနက် ၁၀း၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂၂၉) ဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ကိုယ်စား အမြဲတမ်းအတွင်းဝန် တက်ရောက်၍ သင်တန်းဆင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား/သင်တန်းသူ (၂၇၂) ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-
- ဝန်ကြီးဌာနအသီးသီးရှိ စာရင်းဌာနစိတ်တွင် အလုပ်လုပ်ကိုင်ကြသော ဝန်ထမ်းများမှာ ကျောင်းမှ သင်ကြားပေးလိုက်သည့် ပညာရပ်များနှင့် လက်ရှိအလုပ်လုပ်ကိုင်ကြသည့်အခါ တချို့အရာများတွင် ကွာဟမှုများရှိနိုင်ကြောင်း၊
- ကျောင်းမှ သင်ကြားပို့ချပေးလိုက်သည့် ပညာရပ်များတွင် တချို့ဘာသာရပ်များသည် knowledge လောက်သာရရှိပြီး၊ တချို့ဘာသာရပ်များမှာ Skill ကျွမ်းကျင်မှု အဆင့်ရရှိသော်လည်း အလုပ်လုပ်ကိုင်ကြရာတွင် နိုင်နိုင်နင်းနင်း၊ ကျွမ်းကျင်တတ်မြောက်စေ ရန် သင်တန်းကျောင်းများ တည်ထောင်ထားခြင်းဖြစ်ကြောင်း၊
- ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံ့အတွက် Public Financial Management ပြည်သူ့ဘဏ္ဍာငွေကြေးစီမံခန့်ခွဲမှုစနစ် သတ်မှတ်ပြဋ္ဌာန်းနိုင်ရန် ကမ္ဘာ့ဘဏ်နှင့် UK ဘက်တို့မှ ကူညီထောက်ပံ့ပေးပြီး Public Financial Management Law ရေးဆွဲပြီး ဖြစ်ရာ မကြာခင် ပြဋ္ဌာန်းရန်ရှိကြောင်း၊
- ပြည်သူ့ဘဏ္ဍာငွေကြေးစနစ် ကောင်းမွန်စေရန်အတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနဘက်မှ ပြည်သူ့ဘဏ္ဍာငွေကြေး စီမံခန့်ခွဲနိုင်ရန်အတွက် သင်တန်းကျောင်းများ တည်ထောင်ပြီး နိုင်ငံ့ဝန်ထမ်းတိုင်း အလုပ်လုပ်ကြသည့်အခါ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန်၊ ခေတ်နှင့်တစ်ပြေးညီပြောင်းလဲနေသည့် အသိပညာ အတတ်ပညာများကို ထဲထဲဝင်ဝင် သင်ကြားပြသပေးနိုင်မည့် PFM သင်တန်းကျောင်းများ မကြာမီ ပေါ်ပေါက်လာတော့မည်ဖြစ်ရာ ကောင်းမွန်သည့် လက္ခဏာဖြစ်ပါကြောင်း၊
- ယခင်က ရန်ကုန်သင်တန်းကျောင်းတွင် အခြေခံသင်တန်းကို တစ်နှစ်လျှင် (၄) ကြိမ်၊ အလယ်အလတ်နှင့် အဆင့်မြင့်သင်တန်းကို တစ်နှစ်လျှင် နှစ်ကြိမ် ဖွင့်လှစ်ခဲ့ပြီး ယခုအခါ နေပြည်တော် သင်တန်းကျောင်းတွင် ကထိက အခက်အခဲများကြောင့် တစ်နှစ်လျှင် (၂) ကြိမ်နှင့် ( ၁ ) ကြိမ်သာ အသီးသီးဖွင့်လှစ်ခဲ့ကြောင်း၊
- တချို့ဌာနများတွင် သင်တန်းပြီးဆုံးမှသာ ရာထူးတိုးပေးရန်အတွက် သတ်မှတ်ချက် Critriea တစ်ချက်အနေဖြင့် သတ်မှတ်ထားပြီး ရာထူးတိုးပေးရန် လုပ်သက်စေ့နေပြီး သင်တန်းတက်ရောက်ခွင့် မရသေး၍ မတက်ကြရသည့် ဝန်ထမ်းများ ကျန်ရှိနေကြောင်း၊
- ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း လက်ထက်တွင် ယင်းကဲ့သို့ တက်ရန်ကျန်ရှိ နေသည့် သင်တန်းသားများစွာ တက်ရောက်ခွင့်ရရှိရန် ဤရုံးမှ အငြိမ်းစားယူသွားကြသည့် ညွှန်ကြားရေးမှူးများဖြင့် အခြားဌာနများတွင် ဤရုံး၏ သင်ရိုးညွှန်းတမ်းများ အတိုင်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊ စာမေးပွဲကို ဤရုံးမှ တာဝန်ယူစစ်ဆေးခြင်း ဖြင့် သင်တန်းတက်ရောက်ခွင့် ပိုမိုရရှိစေခဲ့ကြောင်း၊
- ယခုသင်တန်းသို့ မိခင်ဌာနမှ အလုပ်များကို ချန်လှပ်ပြီး စေလွှတ်ပေးသည့်အတွက် သင်ကြားရသည့် ဘာသာရပ်များကို အကြမ်းအားဖြင့် တတ်မြောက်သွားမည်ဟု ယူဆ ကြောင်း၊
- အလုပ်တွင် မည်မျှအထိ အားကိုးအားထားဖြစ်သည်ကို မိမိကိုယ်တိုင် လိုချင်စိတ်ပြင်းပြ နေရမည်ဖြစ်ပြီး အလုပ် လုပ်ကိုင်ရာတွင် ရိုးသား၊ ကြိုးစား၊ ဖြောင့်မတ်၊ မှန်ကန်စွာ ကြိုးစားပြီး လုပ်ကိုင်ကြစေလိုကြောင်း၊
- နိုင်ငံ့အတွက်၊ ရုံးအတွက်၊ ပြည်သူ့အတွက် အားကိုးအားထားပြုနိုင်သည့် အဖိုးတန်သော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ကြပါစေကြောင်း၊
၄။ သင်တန်းဆင်းပွဲ အခမ်းအနားကို နံနက် ၁၀း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
