OFFICE OF THE AUDITOR GENERAL OF THE UNION

 

စာရင်းစစ်များလုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၃၉) သင်တန်းဖွင့်ပွဲ အခမ်းအနား

၁။ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၂၃)ရက် နံနက် ၉း၀၀နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမ၌ စာရင်းစစ်များလုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၃၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပရာ ဒုတိယစာရင်းစစ်ချုပ်ဦးမျိူးမြင့်မှ သင်တန်းဖွင့် လမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/သူ (၈၅)ဦး တက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင်ဒုတိယစာရင်းစစ်ချုပ်ဦးမျိုးမြင့်က လမ်းညွှန်မှာကြားရာတွင်-
- စာရင်းပညာသည် အမြဲရှင်သန်တိုးတက်ပြောင်းလဲနေပြီး ထိုပြောင်းလဲမှုနှင့်အညီ နည်းစနစ်များ Procedure များ၊ Approach များကို Updateဖြစ်ရန်အတွက် ယခုကဲ့သို့ မွမ်းမံသင်တန်းများ ဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်း
- စာရင်းစစ်များသည် စာရင်းကိုင်များပြုစုပြီးသော စာရင်းများကို စစ်ဆေးရခြင်းဖြစ်ရာအမှား၊ အမှန် ထောက်ပြနိုင်ရန်အတွက် အသိပညာ၊ ဗဟုသုတ၊ အတွေးအခေါ်များ များပြားရန်လိုကြောင်း၊ ထိုကြောင့် သင်တန်းမှ သင်ကြားပေးသည်များကို အပတ်တကုတ် လေ့လာဆည်းပူးကြရန်လိုကြောင်း
- စစ်ဆေးရမည့်အဖွဲ့အစည်းများနှင့် ဆက်ဆံရာတွင်လည်း စာရင်းစစ်များသည်လုပ်ငန်းသဘော၊ သဘာဝအရ စစ်ရမေးရသည်ဖြစ်ရာ ဝန်ထမ်းအချင်းချင်း လေးလေးစားစားဖြင့် လူကြီးလူကောင်းဆန်စွာ ဆက်ဆံကြရမည်ဖြစ်ကြောင်း
- စာရင်းစစ်များသည် မိမိတို့၏ စာရင်းစစ်တာဝန်ကိုပါ ကျေပွန်ရမည့်အပြင် မိမိအထက်အဆင့် စာရင်းစစ်မှူးများ၏ လုပ်ငန်းတာဝန်များကိုပါ ထမ်းဆောင်နိုင်သည့် အရည်အချင်းများ ပြည့်ဝစေရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့်  ဝန်ထမ်းဘဝ တစ်လျှောက် အောင်မြင်တိုးတက်မှုများ ရရှိနိုင်လာမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။
၄။ သင်တန်းဖွင့်ပွဲ အခမ်းအနားကို နံနက် ၁၀း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။