OFFICE OF THE AUDITOR GENERAL OF THE UNION

 

စာရင်းစစ် အရာရှိ ၊ မြို့နယ်စာရင်းစစ်အရာရှိများ စာရင်းစစ်ဆေးရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ အမှတ်စဉ် (၄/၂၀၁၄) အခမ်းအနားကျင်းပ

စာရင်းစစ်အရာရှိ ၊ မြို့နယ်စာရင်းစစ်အရာရှိများ စာရင်းစစ်ဆေးရေး လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ အမှတ်စဉ် (၄/၂၀၁၄) အခမ်းအနားကိုပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ (၁၅-၉-၂၀၁၄)နေ့ နံနက်ပိုင်းတွင် ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးသိန်းထိုက်တက်ရောက် အမှာစကား ပြောကြားခဲ့သည်။ဆွေးနွေးပွဲတွင် မြို့နယ်စာရင်းစစ်အရာရှိများမှ မိမိတို့ စာရင်းစစ်ရုံးများအလိုက်စစ်ဆေးတွေ့ရှိချက်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး စီမံရေးရာ၊လေ့ကျင့်ရေးနှင့်သုတေသနဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်စန်းဦး၊စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နိုင်သက်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ရုံးအဖွဲ့မှ ဒေါ်အေးအေးမူ၊စီမံရေးရာ၊လေ့ကျင့်ရေးနှင့်သုတေသနဦးစီးဌာနမှဦးတင်လှိုင်၊ စစ်ဆေးရေးဦးစီးဌာနမှ ဒေါ်စန်းစန်းဝင်းတို့ကသက်ဆိုင်ရာလုပ်ငန်း ကိစ္စရပ်များကို ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။အဆိုပါဆွေးနွေးပွဲအား (၁၇-၉-၂၀၁၄) နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ စာရင်းစစ်အရာရှိ၊ မြို့နယ်စာရင်းစစ်အရာရှိ (၁၆၈) ဦးတို့တက်ရောက်ခဲ့ကြပါသည်။