OFFICE OF THE AUDITOR GENERAL OF THE UNION

 

The Cooperative Environmental Audit on Water Management in Mekong River Basin in line with the implementation of Sustainable Development Goals (SDGs) အတွက် Statement of Commitments (SoC) ကို လက်မှတ်ရေးထိုးသည့် အခမ်းအနားကျင်းပခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASOSAI) - အရှေ့တောင်အာရှဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI) တို့ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း စစ်ဆေးမည့် The Cooperative Environmental Audit on Water Management in Mekong River Basin in line with the implementation of Sustainable Development Goals (SDGs) အတွက် ကတိပြုလွှာ (Statement of Commitments - SoC) အား ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ထိုင်းနိုင်ငံစာရင်းစစ်ချုပ်နှင့် ဗီယက်နမ်နိုင်ငံစာရင်းစစ်ချုပ် တို့ သဘောတူလက်မှတ်ရေးထိုးသည့် အခမ်းအနားအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၇:၃၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ Virtual Ceremony ဖြင့် ကျင်းပခဲ့ပါသည်။ ယင်းလက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ The Cooperative Environmental Audit on Water Management in Mekong River Basin in line with the implementation of Sustainable Development Goals ဆိုင်ရာ စစ်ဆေးရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

            မဲခေါင်မြစ်ဝှမ်း (Mekong River Basin) ရှိ ရေအရင်းအမြစ်များအား စီမံခန့်ခွဲရာတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ (Sustainable Development Goals - SDGs) နှင့်အညီ ထိရောက်စွာအကောင်အထည်ဖော်နိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးမည့်လုပ်ငန်းဖြစ်ပါသည်။ ယင်းသို့စစ်ဆေးရာတွင် အပြည်ပြည်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင်များ (Sustainable Development Goals - SDGs) ပါ ပန်းတိုင်များ (Goals) နှင့် လိုက်လျောညီထွေစွာ ရေးဆွဲထားသည့် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) (Myanmar Sustainable Development Plan-MSDP) ပါ မဏ္ဍိုင်များ၊ ပန်းတိုင်များ နှင့် မဟာဗျူဟာပါ လုပ်ငန်းစဉ်များအား သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်မှု ရှိ၊ မရှိ စစ်ဆေးမည်ဖြစ်ပါသည်။

မဲခေါင်မြစ်ဝှမ်း (Mekong River Basin) ရှိ ရေအရင်းအမြစ်များအား စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍  ပူးပေါင်းစစ်ဆေးသည့်လုပ်ငန်းစဉ်တွင် ဗီယက်နမ်နိုင်ငံစာရင်းစစ်ချုပ်ရုံးမှ ကိုယ်စားလှယ်များက ဦးဆောင်သူအဖြစ်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ ကိုယ်စားလှယ်များက အဖွဲ့ဝင်အဖြစ် ပါဝင် ဆောင်ရွက်မည်ဖြစ်ပါသည်။ စစ်ဆေးရေးလုပ်ငန်းများအား နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများလိုက်နာ ရမည့်စံများ (International Standards of Supreme Audit Institutions – ISSAIs)  နှင့်အညီ ထိရောက်စွာစစ်ဆေးနိုင်ရေးအတွက် လိုအပ်သောသင်တန်းများ၊ အကူအညီများအား ကမ္ဘာ့ဘဏ် (World Bank) နှင့် ကနေဒါနိုင်ငံစာရင်းစစ်နှင့် စာရင်းပညာဆိုင်ရာ ဖောင်ဒေးရှင်း (Canadian Audit and Accountability Foundation – CAAF ) တို့မှ ပံ့ပိုးကူညီပေးမည်ဖြစ်ပါသည်။ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အချိန်ဇယားများ၊ မျှော်မှန်းထားသည့် ရလဒ်များ ပါဝင်သည့် လုပ်ငန်းအစီအစဉ် (Action Plan) ကို ရေးဆွဲထားပြီး စစ်ဆေးရေးအဖွဲ့အနေဖြင့် ယင်းလုပ်ငန်းအစီအစဉ်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါသည်။

            ယင်းသို့ ပြည်ပနိုင်ငံ၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းစစ်ဆေးသည့်လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရှိ စစ်ဆေးရေးဝန်ထမ်းများအနေဖြင့် နိုင်ငံတကာတွင် SDGs ကို အကောင်အထည်ဖော်ဆောင်ရွက်မှု များ၊ SDGs အကောင်အထည်ဖော်မှုအားစစ်ဆေးရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများ၊ ယင်း စိန်ခေါ်မှုများအား ကျော်လွှားနိုင်ခဲ့သည့်နည်းလမ်းများကို သိရှိနိုင်မည်ဖြစ်သည့်အပြင် SDGs နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်မှုများအား စစ်ဆေးရေးလုပ်ငန်းဆောင်ရွက်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများကို လေ့လာသိရှိနိုင်မည်ဖြစ်ပါသည်။