OFFICE OF THE AUDITOR GENERAL OF THE UNION

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ရှိ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆက်ကပ်လှူဒါန်းရန် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဝန်ထမ်းများမှ အလှူငွေ ကျပ် ခြောက်သိန်း လှူဒါန်းခြင်း

၁။နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံ၊ ဗုဒ္ဓစာပေများကို အဆင့်မြင့်နည်းပညာများဖြင့် သင်ကြားပို့ချပြီး သာသနတက္ကသီလဓမ္မာစရိယ၊ သာသနတက္ကသီလ မဟာဓမ္မာစရိယနှင့် သာသနတက္ကသီလဓမ္မပါရဂူဘွဲ့ တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း၍ ပြည်တွင်း/ပြည်ပ သာသနာပြုကြမည့် သံဃာတော်အရှင်မြတ်များ ထွန်းကားလာစေရန် ဆောင်ရွက်လျက်ရှိသော နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) သို့ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဝန်ထမ်းများမှ ဆွမ်းကပ်ရန် လှူဒါန်းသည့် အလှူငွေဆက်ကပ်လှူဒါန်းပွဲကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။       အဆိုပါ လှူဒါန်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများမှ အလှူငွေ ကျပ် ခြောက်သိန်းတိတိကို ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကြပါသည်။