OFFICE OF THE AUDITOR GENERAL OF THE UNION

 

စာရင်းစစ်များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၃၇) သင်တန်းဆင်းပွဲ

၁။    ၂၀၁၃ခုနှစ်၊ မတ်လ(၆)ရက်နံနက်၁၀း၀၀နာရီ တွင်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊အစည်းအဝေး ခန်းမ ၌ စာရင်းစစ်များလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၃၇) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးသိန်းထိုက် တက်ရောက်၍သင်တန်းဆင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။၂။    အဆိုပါအခမ်းအနားသို့ဒုတိယစာရင်းစစ်ချုပ်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ညွှန်ကြားရေးမှူးများ၊ ကထိကများနှင့်သင်တန်းသား/သူ(၁၀၄)ဦး တက်ရောက်ကြပါသည်။၃။    အခမ်းအနားတွင်ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးသိန်းထိုက်က လမ်းညွှန်မှာကြားရာတွင်-       -      သင်တန်းကို ပြောင်းလဲနေသော နည်းပညာခေတ်စနစ် အနေအထားနှင့်              အညီအမီ လိုက်နိုင်စေရန် ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်း              ကထိကနည်းပြများအနေဖြင့် ယင်းတို့ိ၏အတွေ့အကြုံများကို စာတွေ့၊               လက်တွေ့နှင့်ပေါင်းစပ်၍ ပြောင်းလဲမှု နှင့်အညီ သင်ကြားပို့ချပေးရန်              လိုအပ်ပါကြောင်း       -      စာရင်းစစ်သင်တန်းသားများ အနေဖြင့် ပြည်သူ့ဝန်ထမ်းဖြစ်သည်နှင့်အညီ              ပြည်သူတို့၏ အကျိုးစီးပွားကိုဖော်ဆောင်ပေးရန် ၊ပြည်သူ့ရန်ပုံငွေများကို               အလေအလွင့်မရှိ စနစ်တကျ သုံးစွဲစေရန် သင်တန်းမှသင်ပေးလိုက်သော               ပညာရပ်များနှင့် စစ်ဆေးရေးတာဝန်များကို ကျေပွန်စွာဆောင်ရွက်ရန်       -     တာဝန်မယူနိုင်သော ဝန်ထမ်းများသာတာဝန်ကိုကြောက်ရွံ့ကြ၍ မိမိအား             ပေးအပ်ထားသော လုပ်ငန်းတာဝန်ကို ရဲရဲရင့်ရင့်နဲ့ ကျေပွန်အောင်ဆောင်             ရွက်နိုင်လျှင် တာဝန်ကို ကြောက်စရာမလိုကြောင်း၊ စည်းကမ်းကောင်း၍              ရိုးသားဖြောင့်မတ်ခြင်း ဖော်ရွေမှုရှိခြင်း သည်ဂုဏ်တစ်ရပ် ဖြစ်ပြီး မိမိကိုယ်တိုင်             စည်းကမ်းရှိရန်လို၍ ထိုမှတဆင့် မြို့နယ် /ခရိုင်/ တိုင်းဒေသကြီး /ပြည်နယ်              အလိုက်တစ်ဦးချင်းအသိနှင့် စည်းကမ်းလိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း      -     စစ်ဆေးရေးတာဝန်ထမ်းဆောင်ရာတွင် စာရင်းစစ်များသည် အခြေခံအကျဆုံး             ဝန်ထမ်းများဖြစ်၍ အရေးအကြီးဆုံးဖြစ်ကြောင်းနှင့် စစ်ဆေးရသည့် အဖွဲ့အစည်း            များကို ထောက်ပြပြောဆိုရာတွင် အခြေအနေမှန်ကို ဥပဒေ၊နည်းဥပဒေ၊ စည်းမျဉ်း            စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ အထောက်အထား ကိန်းဂဏန်းစာရင်း             ဇယားနှင့်တကွရှင်းလင်း ဆွေးနွေးနိုင်ရမည် ပြောနိုင်ရမည်ဖြစ်ကြောင်း လမ်းညွှန်မှာ             ကြားပါသည်။၄။    သင်တန်းဆင်းပွဲအခမ်းအနားကို နံနက်၁၁း၃၀နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။