ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စာရင်းစစ်များလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၃၇)သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၂ခုနှစ်၊ဒီဇင်ဘာလ(၂၄)ရက်နေ့ နေ့လည်(၃)နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊အစည်းအဝေးခန်းမ၊ နေပြည်တော်၌ကျင်းပရာပြည်ထောင်စုစာရင်း စစ်ချုပ်ဦးသိန်းထိုက်တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။အခမ်းအနားတွင်ပြည်ထောင်စုစာရင်းစစ်ချုပ်က- သင်တန်းသားစာရင်းစစ်များသည် ပြည်သူ့ဘဏ္ဍာရန်ပုံငွေများကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် အကျိုးရှိရှိသုံးစွဲရန်နှင့်မမှန်မကန်သုံးစွဲမှုများမဖြစ်အောင် စစ်ဆေးပေးနေသောသူများဖြစ်ကြောင်း၊ပြောင်းလဲလာသော နိုင်ငံရေးစနစ်နှင့်အညီထင်သာမြင်သာရှိအောင်
နိုင်ငံတော်အတွက်တစ်ဖက်တစ်လမ်းမှအထောက်အကူပြုနေသူများဖြစ်ကြောင်း၊-သင်တန်းမှပို့ချချက်များနှင့်ဒေသအသီးသီးမှလာရောက်သောသင်တန်းသားများ၏အတွေ့အကြုံများပေါင်းစပ်၍မိမိတို့လုပ်ငန်းခွင်တွင်ထိထိရောက်ရောက်ပြန်လည်အသုံးချနိုင် အောင်ကြိုးစားကြရန် လိုအပ်ပါကြောင်း၊- သင်တန်းကာလအတွင်းစည်းကမ်းရှိရှိနှင့်အချင်းချင်းရင်းနှီးချစ်ကြည်မှုရအောင်၊ တစ်စိတ်တစ်ဝမ်းတည်း စိတ်ဓါတ်ရအောင်ကြိုးစားကြရန်လိုအပ်ပါကြောင်းလမ်းညွှန်မှာကြားပါသည်။အခမ်းအနားသို့တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့်သင်တန်းသား၊သင်တန်းသူ(၁၀၃) ဦးတက်ရောက်
ကြပါသည်။
