OFFICE OF THE AUDITOR GENERAL OF THE UNION

 

စာရင်းစစ်မှူးများလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂၆)သင်တန်းဆင်းပွဲ

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စာရင်းစစ်မှူးများလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂၆)သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီ တွင်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊အစည်းအဝေးခန်းမ၊နေပြည်တော်၌ကျင်းပရာ ပြည်ထောင်စု စာရင်းစစ်ချုပ်ဦးသိန်းထိုက် တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားတွင်ပြည်ထောင်စုစာရင်းစစ်ချုပ်က- - သင်တန်းသား စာရင်းစစ်မှူးများသည် မိမိတို့ရုံး၏ခြေလက် ၊မျက်စိ၊ နားများဖြစ်ပြီး အရေးပါသောတာဝန်များကိုထမ်းဆောင်နေသူများဖြစ်ကြောင်းနိုင်ငံတော်၏ အရအသုံး စာရင်းများကို မှန်ကန်မှုရှိမရှိ စစ်ဆေးပေးရ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အခန်း ကဏ္ဍတစ်ခုမှ ပါဝင်နေသူများဖြစ်ကြောင်း - သင်တန်းမှပို့ချချက်များကိုမှတ်သား၍ လုပ်ငန်းခွင်တွင် စနစ်တကျ အသုံးချဆောင်ရွက် ကြရန်နှင့် စစ်ဆေးရေးလုပ်ငန်းများကို ဖြောင့်မတ်တည်ကြည်စွာ ဆောင်ရွက်ပြီးမိမိ တို့ရုံး၏ မူဝါဒကိုအကောင်အထည်ဖော်ပေးနိုင်သည့်ဝန်ထမ်းကောင်း များဖြစ်အောင် ကြိုးစားကြရန်လမ်းညွှန်မှာကြားပါသည်။ အခမ်းအနားသို့ တာဝန်ရှိသူများ၊သင်တန်းကထိကများနှင့်သင်တန်းသား၊ သင်တန်းသူ(၈၉)ဦး တက်ရောက်ကြပါသည်၊