OFFICE OF THE AUDITOR GENERAL OF THE UNION

 

စာရင်းစစ်များလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၃၆) သင်တန်းဆင်းပွဲ

၁။    ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၂)ရက် နံနက် (၁၀း၀၀)နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ စာရင်းစစ်များလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၃၆) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ပါသည်။၂။    အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်က -    သင်တန်းသားများသည် စစ်ဆေးရေးတာဝန်များကို ကျွမ်းကျင်နိုင်နင်းစွာ ဆောင်ရွက်နိုင်ရေးအတွက်       လိုအပ်သည့် အရည်အချင်းနှင့် စွမ်းရည်များ တိုးတက်နေအောင် ကြိုးပမ်းအားထုတ်နေရမှာ       ဖြစ်ပါကြောင်း-    စာရင်းစစ်များအနေဖြင့် အခြေခံလုပ်ငန်းများကို ပိုင်နိုင်စွာသိရှိပြီး စာရင်းစစ်လုပ်ငန်းများကိုစနစ်တကျ     ဆောင်ရွက်နိုင်စေရေးအတွက် ယခုကဲ့သို့ သင်တန်းကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်း    -    သင်တန်းသားစာရင်းစစ်များသည် စာရင်းကိုင်ပညာရပ်နှင့် စာရင်းစစ်ပညာရပ်တို့ကိုကောင်းစွာ     တတ်ကျွမ်းရမည်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး မိမိ၏ လုပ်ငန်းတာဝန်များ ကို ဆောင်ရွက်ရာတွင်     အပြုသဘောဆောင်သည့် စိတ်ထား၍ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်        ခြင်း၊ တွေ့ရှိချက်များကို တိကျမှန်ကန်စွာ ဖော်ပြခြင်း၊ တာဝန်ရှိသူများနှင့် ဆွေးနွေးခြင်း ၊ ပြုပြင်ရန်     လိုအပ်သည်များကို  ဖော်ပြပေးခြင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေများကို သတ်မှတ်ချက်နှင့်အညီ      စနစ်တကျ အလေ အလွင့်မရှိ သုံးစွဲခြင်း၊ နိုင်ငံတော်မှရရန်ရှိသည်များကိုအပြည့်အဝရရှိအောင်       ဆောင်ရွက်ခြင်းတို့ကို စစ်ဆေးပေးသွားရန်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။၃။    သင်တန်းဆင်းပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ကထိကများနှင့်သင်တန်းသား (၉၉) ယောက်တို့ တက်ရောက်ကြပြီး ၁၂း၀၀ နာရီတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်းသတင်းရရှိပါသည်။