OFFICE OF THE AUDITOR GENERAL OF THE UNION

 

ပထမအဆင့်သင်တန်းအမှတ်စဉ် (၂၁၅) သင်တန်းဆင်းပွဲ

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပထမအဆင့်သင်တန်းအမှတ်စဉ် (၂၁၅) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၁၂ ခုနှစ် ဇူလိုင်လ (၅) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအစည်းအဝေးခန်းမ၊ နေပြည်တော်တွင် ကျင်းပရာဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အခမ်းအနားသို့တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားသင်တန်းသူ(၉၅) ဦးတက်ရောက်ကြပါသည်။ထို့နောက် ပထမအဆင့် သင်တန်းအမှတ်စဉ် (၂၁၅) သင်တန်းဆင်းပွဲအခမ်းအနားကိုနံနက် (၁၀း၃၀) တွင်ရုပ်သိမ်းခဲ့ပါသည်။