OFFICE OF THE AUDITOR GENERAL OF THE UNION

 

မြန်မာနိုင်ငံစာရင်းကောင်စီ(၁/၂၀၁၂) အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံစာရင်းကောင်စီ(၁/၂၀၁၂)အစည်းအဝေးကို ယနေ့နံနက်၉နာရီခွဲတွင် ရန်ကုန် မြို့ ရှိ မြန်မာနိုင်ငံ စာရင်းကောင်စီရုံး၌ ကျင်းပရာ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဌ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးလွန်းမောင် ၊ မြန်မာနိုင်ငံစာရင်းကောင်စီဒုတိယဥက္ကဌ ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့် နှင့်မြန်မာနိုင်ငံ စာရင်းကောင်စီ အဖွဲ့ဝင်များ တက်ရောက်ကြသည်၊၊ အစည်းအဝေးတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဌက နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွင် စာရင်းကိုင်နှင့် စာရင်းစစ်ပညာရှင်များသည် အရေးပါသော အခန်းကဏ္ဍက ပါဝင် နေပါကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းများ၏ စာရင်းကိုင် များအနေဖြင့် စာရင်းကိုင်စံများနှင့်အညီ ထားရှိ သင့်သည့်စာရင်းများကို စနစ်တကျ ပြုစုထားရှိရန်အပြင် လွတ်လပ်သည့် စာရင်းစစ်များထံတင်ပြ၍ စာရင်းစစ်ဆေးမှုခံယူထားသည့် နှစ်ချုပ်စာရင်းနှင့် အထောက်အထား စာရင်းများ ကို ပြည့်စုံ မှန်ကန်စွာ ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ တင်ပြရ မည်ဖြစ် ပါကြောင်း၊ယင်းသို့ စာရင်းစစ်များက စစ်ဆေးထားသည့် ပုဂ္ဂလိကလုပ်ငန်းများ၏ စာရင်းများ တွင် နိုင်ငံတော်သို့ ပေးဆောင်ရမည့် အခွန် အခများနှင့် စပ်လျဉ်း၍ ထပ်မံစစ်ဆေး ရန် လိုအပ်ပါက စစ်ဆေး ရန် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေအရ မိမိကို တာဝန်အပ်နှင်း ထားပါကြောင်း၊စာရင်းကိုင် နှင့် စာရင်းစစ် ပညာရှင်များသည် မိမိတာဝန်ယူဆောင်ရွက်သည့် စာရင်းပညာဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ အမှန်ကန် ဆုံးဖြစ်နိုင်ရေးအတွက် ဆောင်ရွက်ရန်၊ စာရင်း ကိုင်စံ၊ စာရင်းစစ်စံများနှင့်အညီ တိကျစွာလိုက် နာဆောင်ရွက် ရန်နှင့် ကျင့်ဝတ်သိက္ခာများ စောင့် ထိန်းကြရန် လိုအပ်ပါကြောင်း၊ ယင်းသို့ ဖြစ်စေရေးအတွက် စာရင်းကောင်စီဝင်များ ကလည်း စာရင်းကိုင်နှင့် စာရင်းစစ်ပညာရှင်များအား ကြပ်မတ် ထိန်းကျောင်းပေးရန် လိုအပ် ပါကြောင်းနှင့် စာရင်း ပညာခေတ်မီ တိုးတက်ရေးအတွက် စာရင်းကောင်စီဝင်များက ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြား ခဲ့ပါသည်။