OFFICE OF THE AUDITOR GENERAL OF THE UNION

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ပထမအဆင့်သင်တန်းဖွင့်ပွဲကျင်းပခြင်း

 ၁၇.၅.၂၀၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမ၌ ပထမအဆင့် သင်တန်းအမှတ်စဉ်(၂၁၅) ဖွင့်ပွဲအခမ်းအနားကျင်းပရာ ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများ၊ ကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။ မှာကြား သင်တန်းဖွင့်ပွဲတွင် ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့်က မိမိဌာနအဖွဲ့အစည်းက အားထား ရပြီး ထူးချွန်ထက်မြက်သော ဝန်ထမ်းကောင်းများဖြစ်လာရန်အတွက် သင်တန်းသား သင်တန်းသူ များအနေဖြင့် သင်တန်းစည်းမျဉ်း၊ စည်းကမ်းများ လိုက်နာ၍ သင်ကြားပို့ချသော ဘာသာရပ်များကို စိတ်ပါဝင်စားစွာ ကြိုးစား အားထုတ်ဆည်းပူးလေ့လာသွားကြရန် မှာကြားခဲ့ပါသည်။