OFFICE OF THE AUDITOR GENERAL OF THE UNION

 

အခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှု အမှတ်စဉ်(၂၂၄) သင်တန်းသင်တန်းဆင်းပွဲအခမ်းအနား

               

၁။      ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့ နံ နက် ၁၀း၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု အမှတ်စဉ် (၂၂၄) သင်တန်းသင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ရာအမြဲတမ်းအတွင်းဝန်/တာဝန်ခံ ညွှန်ကြားရေး မှူးချုပ်ဒေါ်ခင်စန်းဦးတက်ရောက်၍သင်တန်းဆင်းလမ်းညွှန်အမှာစကား  ပြောကြားခဲ့ပါသည်။

၂။       အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ညွှန်ကြားရေးမှူးများ၊ဒုတိယညွှန်ကြားရေးမှူးများ၊ကထိကများနှင့်သင်တန်းသား/သင်တန်းသူ  (၁၄၈)ဦး တက်ရောက်ခဲ့ကြပါသည်။

၃။      အခမ်းအနားတွင်အမြဲတမ်းအတွင်းဝန်/တာဝန်ခံညွှန်ကြားရေးမှူးချုပ်ကအောက်ပါအချက် များကိုလမ်းညွှန်မှာကြားခဲ့ပါသည်-

     ဤသင်တန်းတွင် သင်တန်းသားသင်တန်းသူများအားဆရာဗဟိုပြုလေ့လာသင်ကြားခြင်း (One way communication)ထက်ကျောင်းသားဗဟိုပြုလေ့လာသင်ကြားခြင်း (Two way communication) ဖြင့်အပြန်အလှန် ဆွေးနွေးလ့လာပြီး(Critical thinking) များတိုးတက် လာစေရန်ကြိုးစားစေလိုကြောင်းအစိုးရသစ်လက်ထက်တွင်  ဥပဒေအသစ်များပြင်ဆင်နေသည့် အလျောက်ပြောင်းလဲနေသောဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်းများကိုလည်း   အမြဲတစေ   လေ့လာနေရန် လိုအပ်ကြောင်း ဝန်ထမ်းများအရည်အသွေး တိုးတက်စေရန် သင်တန်း များစေလွှတ်ရပြီးသင်တန်းပြီးစီး၍ဌာနသို့ပြန်ရောက်သည့်အခါတွင်လည်း သင်တန်းမတက်ခင် ကာလထက်လုပ်ငန်းတာဝန်များကိုတိတိကျကျပိုမိုဆောင်ရွက်လာနိုင်မည်ဟု မျှော်လင့်ကြောင်း သင်တန်းသား၊ သင်တန်းသူများသည် သင်တန်းမှပို့ချခဲ့သည့် ဘာသာရပ်များမှရရှိသည့် ဗဟုသုတ များကိုလည်း မိမိတို့လုပ်ငန်းခွင်၌ ထိရောက်စွာအသုံးချစေလိုကြောင်း ဝန်ထမ်းကာင်းမှ   နိုင်ငံကောင်းမည် ဖြစ်သောကြောင့် ဝန်ထမ်းကျင့်ဝတ်စည်းကမ်းများအတိုင်း    နေထိုင်သွားရန် လိုအပ်ကြောင်း ဘုရားရှင်ဟောကြားခဲ့သည့် အချက်(၃)ချက်ဖြစ်သော မကောင်းတာ မလုပ်ရန်၊ ကာင်းတာလုပ်ရန်၊မိမိ၏စိတ်နှလုံးကိုဖြူစင်စွာထားပြီးလောကအကျိုး၊ နိုင်ငံအကျိုး၊ အားလုံး အကျိုး အတွက် အူမတောင့်သည်ဖြစ်စေ၊ မတောင့်သည်ဖြစ်စေ ကိုယ်ကျင့်တရားကို အစွန်းထင်းမခံဘဲ တာဝန်ဝတ္တရားကျေပွန်စွာ ထမ်းဆောင်ရန် လိုအပ်ကြောင်း
  နိဂုံးချုပ်အနေဖြင့်မကြာမီတွင်စာမေးပွဲဖြေဆိုတော့မည်ဖြစ်သည့်အတွက်ရိုးရိုးသားသား ကြိုးကြိုးစားစားနှင့်ဖြေဆိုကြပြီး နိုင်ငံ့အကျိုးအတွက်စွမ်းစွမ်းတမံ အလုပ်အကျွေးပြုနိုင်သော နိုင်ငံ ဝန်ထမ်းကောင်းများဖြစ်ကြပါစေကြောင်း။

၄။       သင်တန်းဆင်းပွဲ အခမ်းအနားကို နံနက် (၁၀း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။