လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်း (ပထမပိုင်း)
လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း) သင်တန်းတွင် အောက်ပါဘာသာရပ် (၆ ) ခုကို သင်ကြားပေးလျက်ရှိပြီး Module တစ်ခုစီတွင် ဘာသာရပ် ၃ ခု ရှိပါသည် -
| စဉ် | ဘာသာရပ်အမည် | Module No. |
| ၁။ | Professional Financial Accounting & External Reporting- I | Module I |
| ၂။ | Practical Auditing -I | Module I |
| ၃။ | Performance and Financial Management | Module I |
| ၄။ | Business Environment and Management | Module II |
| ၅။ | Commercial and Industrial Laws | Module II |
| ၆။ | Financial and Services Regulations | Module II |
လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်း (ဒုတိယပိုင်း)
လက်မှတ်ရပြည်သူ့စာရင်းကိုင် (ဒုတိယပိုင်း) သင်တန်းတွင် အောက်ပါဘာသာရပ် (၆) ခု ကို သင်ကြားပေးလျက်ရှိပြီး Module တစ်ခုစီတွင် ဘာသာရပ် ၃ ခု ရှိပါသည်-
| စဉ် | ဘာသာရပ်အမည် | Module No. |
| ၁။ | Advanced Accounting & Financial Reporting II | Module I |
| ၂။ | Practical Auditing II | Module I |
| ၃။ | Strategic Management Accounting | Module I |
| ၄။ | Business Analysis and Strategic Information System | Module II |
| ၅။ | Financial Knowledge and Current Economic Affairs | Module II |
| ၆။ | Taxation | Module II |
Certificate Puplic Accountant (Part 1)
There are 6 subjects in the Certified Public Accountant Training Course (Part I) and each module has 3 subjects-
| Sr No. | Subjects | Module No. |
| 1. | Professional Financial Accounting & External Reporting -I | Module I |
| 2. | Practical Auditing -I | |
| 3. | Performance and Financial Management | |
| 4. | Business Environment and Management | Module II |
| 5. | Commercial and Industrial Laws | |
| 6. | Financial and Services Regulations |
Certified Public Accountant Training Course (Part II)
There are 6 subjects in the Certified Public Accountant Training Course (Part II) and each module has 3 subjects-
| Sr No. | Subjects | Module No. |
| 1. | Advanced Accounting & Financial Reporting II | Module I |
| 2. | Practical Auditing II | |
| 3. | Strategic Management Accounting | |
| 4. | Business Analysis and Strategic Information System | Module II |
| 5. | Financial Knowledge and Current Economic Affairs | |
| 6. |
Taxation |
၁။ မြန်မာနိုင်ငံစာရင်းကောင်စီသင်တန်းကျောင်းတွင် တက်ရောက်သည့်သင်တန်းသားများသည် သင်တန်းတက်ရောက်ချိန် ၆၀ ရာခိုင်နှုန်းပြည့်မီမှသာ စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ရရှိမည်ဖြစ်ပါသည်။
၂။ စာမေးပွဲဖြေဆိုခွင့်လျှောက်ထားရာတွင် သတ်မှတ်ရက်အတွင်း စာမေးပွဲကြေးနှင့် လျှောက်လွှာကြေးတို့ကို MAC သင်တန်းကျောင်းမှ သင်တန်းသားများနှင့် ကိုယ်တိုင်လေ့လာဖြေဆိုသူများအဖြစ် မှတ်ပုံတင်ထားသူများသည် တစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများတွင် မှတ်ပုံတင်ထားသူများသည် ကျောင်းများမှတစ်ဆင့်လည်းကောင်း ပေးသွင်း၍ စာမေးပွဲဖြေဆိုခွင့်ကို လျှောက်ထားရမည်။
၃။ စာမေးပွဲများကို Module အားလုံးဖြစ်စေ၊ Module အလိုက်ဖြစ်စေ ဖြေဆိုနိုင်ပြီး ဖြေဆိုသည့် Module တစ်ခုထဲမှ ဘာသာရပ်တစ်ခုခုကျရှုံးခဲ့ပါက ယင်း Module ထဲမှ ဘာသာရပ်အားလုံးကို ပြန်လည်ဖြေဆိုရပါမည်။ Module ၂ ခု လုံးအောင်မြင်ရမည့်ကာလမှာ တစ်ဆက်တည်းကျင်းပမည့် စာမေးပွဲအကြိမ်ရေ ၅ ကြိမ်ထက်မပိုရပါ။ တစ်ဆက်တည်း ၅ ကြိမ်ဖြေဆိုပြီးသော်လည်း Module ၂ ခုလုံး အောင်မြင်မှုမရှိလျှင်သော်လည်းကောင်း၊ Module ၂ ခုအနက် Module ၁ ခု အောင်မြင်မှု မရှိလျှင်သော်လည်းကောင်း၊ တစ်ဆက်တည်းစာမေးပွဲဝင်ရောက်ဖြေဆိုခြင်းမရှိလျှင်သော်လည်းကောင်း၊ Module ၂ ခုလုံးအား ကနဦးစာမေးပွဲဖြေဆိုသည့်အတိုင်း ပြန်လည်ဖြေဆိုရမည်။ သင်ကြားပို့ချသည့် ဘာသာရပ်အားလုံးအတွက် စာမေးပွဲအောင်မှတ်ကို တစ်ဘာသာလျှင် ၅၀ မှတ် ဟုသတ်မှတ်သည်။
The students of the Myanmar Accountancy Council Training School will be eligible to enter the exam only after fullfilling 60 percentage of attendence.
When applying for the exam, the students of the Myanmar Accountancy Council Training School and the students registered as self study must pay individually for paying the exam fee and application fee within the deadline; those who are registered in the private accounting schools must pay and apply through the school.
Exams can be taken in all modules or each module. If a subject in one of the modules is failed, all subjects in that module must be answered. The period of passing both modules must be no more than 5 consecutive exams. If one of the modules are not successful or the consecutive exams are not be entered, the exams for both modules must be taken as before. Exam passing score for all subjects is set at 50 points per subject.
၁။ ၁၉၇၂ ခုနှစ် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မြန်မာနိုင်ငံစာရင်းကောင်စီသည် လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်းကို ၉-၁၀-၁၉၇၂ နေ့မှစ၍ ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းကာလမှာ ၂ နှစ် ဖြစ်ပါသည်။
၂။ လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း) သင်တန်းသို့ အောက်ပါပုဂ္ဂိုလ်များ တိုက်ရိုက်တက်ရောက်ခွင့် ရှိပါသည်-
- B.Com/ B.Act/ B.B.A/ B.BSc (Accounting and Finance) ဘွဲ့ရများ
- DA Part II အောင်မြင်ပြီးသူ
- ဘွဲ့တစ်ခုခုရရှိပြီး ACCA Fundamental Skills Level ပြီးစီးသူများ၊
- ဘွဲ့တစ်ခုခုရရှိပြီး CIMA Diploma in Management Accounting ရရှိပြီးသူ
၃။ တိုက်ရိုက်တက်ရောက်ခွင့်မရှိသည့် အသိအမှတ်ပြု ဘွဲ့တစ်ခုခုရသူနိုင်ငံသားများသည် ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရပါမည်။
၄။ သင်တန်းတက်ရောက်ရာတွင် မြန်မာနိုင်ငံစာရင်းကောင်စီသင်တန်းကျောင်း သို့မဟုတ် ကောင်စီမှအသိမှတ်ပြုဖွင့်လှစ်ခွင့်ပြုထားသည့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများတွင် တက်ရောက်သင်ကြားနိုင်ပြီး ကိုယ်တိုင်လေ့လာ၍လည်း သင်ယူနိုင်ပါသည်။
