OFFICE OF THE AUDITOR GENERAL OF THE UNION

 

Subjects

There are 5 subjects in the Diploma in Accounting Training Course (Part I) and Module I has 3 subjects and Module II has 2 subjects -

Sr No. Subjects Module No.
1.  Book-Keeping and Accountancy Module I
2.  Economics
3.  Business Mathematics and Statistics
4.  General Commercial and Knowledge Module II
5.  Commercial Laws

There are 6 subjects in the Diploma in Accounting Training Course (Part II) and each module has 3 subjects -

Sr No. Subjects Module No.
1.  Accounting  Module I
2.  Auditing
3.  Costing Accounting
4.  Financial Reporting  Module II
5.  Financial and Service Regulations
6.  Information & Communication Technology and Systems  Development

 

 

စာမေးပွဲ

၁။ မြန်မာနိုင်ငံစာရင်းကောင်စီသင်တန်းကျောင်းတွင် တက်ရောက်သည့်သင်တန်းသားများသည် သင်တန်းတက်ရောက်ချိန် ၆၀ ရာခိုင်နှုန်းပြည့်မီမှသာ စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ရရှိမည် ဖြစ်ပါသည်။

၂။ စာမေးပွဲဖြေဆိုခွင့်လျှောက်ထားရာတွင် သတ်မှတ်ရက်အတွင်း စာမေးပွဲကြေးနှင့် လျှောက်လွှာကြေးတို့ကို MAC သင်တန်းကျောင်းမှ သင်တန်းသားများနှင့် ကိုယ်တိုင်လေ့လာဖြေဆိုသူများအဖြစ် မှတ်ပုံတင်ထားသူများသည် တစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများတွင် မှတ်ပုံတင်ထားသူများသည် ကျောင်းများမှတစ်ဆင့်လည်းကောင်း ပေးသွင်း၍ စာမေးပွဲဖြေဆိုခွင့်ကို လျှောက်ထားရမည်။

၃။ စာမေးပွဲများကို Module အားလုံးဖြစ်စေ၊ Module အလိုက်ဖြစ်စေ ဖြေဆိုနိုင်ပြီး ဖြေဆိုသည့် Module တစ်ခုထဲမှ ဘာသာရပ်တစ်ခုခုကျရှုံးခဲ့ပါက ယင်း Moduleထဲမှ ဘာသာရပ်အားလုံးကို ပြန်လည်ဖြေဆိုရပါမည်။ Module ၂ ခု လုံးအောင်မြင်ရမည့်ကာလမှာ တစ်ဆက်တည်းကျင်းပမည့် စာမေးပွဲအကြိမ်ရေ ၅ ကြိမ်ထက်မပိုရပါ။ တစ်ဆက်တည်း ၅ ကြိမ်ဖြေဆိုပြီးသော်လည်း Module ၂ ခုလုံး အောင်မြင်မှုမရှိလျှင်သော်လည်းကောင်း၊ Module ၂ ခုအနက် Module ၁ ခု အောင်မြင်မှု မရှိလျှင်သော်လည်းကောင်း၊ တစ်ဆက်တည်း စာမေးပွဲဝင်ရောက်ဖြေဆိုခြင်း မရှိလျှင်သော်လည်း ကောင်း၊ Module ၂ ခုလုံးအား ကနဦး စာမေးပွဲဖြေဆိုသည့်အတိုင်း ပြန်လည်ဖြေဆိုရမည်။ သင်ကြားပို့ချသည့် ဘာသာရပ်အားလုံးအတွက် စာမေးပွဲအောင်မှတ်ကို တစ်ဘာသာလျှင် ၄၀ မှတ်ဟု သတ်မှတ်သည်။    

Exam

1. The students of the Myanmar Accountancy Council Training School will be eligible to enter the exam only after fullfil 60 percentage of attendence.

2. When applying for the exam, the students of the Myanmar Accountancy Council Training School and the students registered as self study must pay individually for paying the exam fee and application fee within the deadline; those who are registered in the private accounting schools must pay and apply through the school.

3. Exams can be taken in all modules or each module. If a subject in one of the modules is failed, all subjects in that module must be answered. The period of passing both modules must be no more than 5 consecutive exams. If one of the modules are not successful or the consecutive exams are not be entered, the exams for both modules must be taken as before. Exam passing score for all subjects is set at 40 points per subject.

ဒီပလိုမာစာရင်းကိုင်သင်တန်း

၁။ မြန်မာနိုင်ငံ၌ ၁၉၂၃ ခုနှစ်တွင် အစိုးရစာရင်းကိုင်ဒီပလိုမာ (Government Diploma in Accountancy)နှင့် အထက်တန်းစာရင်းကိုင်ပညာသင်တန်း(Advanced Accountancy Class)  တို့ကို အိန္ဒိယအစိုးရမှဖွင့်လှစ်ခွင့်ပြုခဲ့ပါသည်။ ထိုအချိန် က အိန္ဒိယနိုင်ငံမြို့ကြီးများ၌သာ စာစစ်ဌာနဖွင့်လှစ် ၍ စာမေးပွဲဖြေဆိုစေခဲ့ပြီး ၁၉၂၅ ခုနှစ်မှသာ မြန်မာနိုင်ငံ ရန်ကုန်မြို့၌ စာစစ်ဌာနတစ်ခု သတ်မှတ်၍ ဖြေဆိုစေခဲ့ပါသည်။ ၁၉၃၂ ခုနှစ်အတွင်း၌ အိန္ဒိယအစိုးမှ ၂၆-၃-၁၉၃၂ ရက်စွဲပါ စာရင်းကိုင် များ မှတ်ပုံတင်ရေး ကြေငြာချက်စာအမှတ် ၂၁၃ (၁၁) တီနှင့် အီး (အေဘီ) ဖြင့် မှတ်ပုံတင်စာရင်းကိုင် Registered Accountant (RA) လက်မှတ်ထုတ်ပေးရေးနည်းဥပဒေပြဋ္ဌာန်းပေးခဲ့ပြီး အစိုးရစာရင်းကိုင်ဒီပလိုမာသင်တန်းများအား ရပ်ဆိုင်းခဲ့ပါသည်။ 

၂။ ၁၉၇၂ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီမှ ၁၉၇၂ ခုနှစ် မြန်မာနိုင်ငံ စာရင်းကောင်စီဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပြီး ယင်းဥပဒေအရ မြန်မာနိုင်ငံစာရင်းကောင်စီကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၂ ခုနှစ် မြန်မာနိုင်ငံစာရင်း ကောင်စီဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ  မြန်မာနိုင်ငံစာရင်းကောင်စီသည် ဒီပလိုမာစာရင်းကိုင်သင်တန်းကို ၅-၃-၁၉၇၃ နေ့မှစတင် ဖွင့်လှစ်ခဲ့ပါသည်။

၃။ သင်တန်းကာလမှာ ၂ နှစ်ဖြစ်ပါသည်။ ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်းသို့ အသိမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ တက်ရောက်ရန်လျှောက်ထားနိုင်ပါသည်။

၄။ ဒီပလိုမာစာရင်းကိုင်သင်တန်းကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ရန်ကုန်သင်တန်းကျောင်းနှင့် နေပြည်တော်သင်တန်းကျောင်းတို့တွင် ဖွင့်လှစ်သင်ကြားပို့ချပေးပါသည်။ နေပြည်တော်သင်တန်းကျောင်းတွင် အစိုးရဝန်ထမ်းများကိုသာ လက်ခံသင်ကြားပေးလျက်ရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံစာရင်းကောင်စီမှ အသိမှတ်ပြုဖွင့်လှစ်ခွင့်ပြုထားသည့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများတွင်လည်း တက်ရောက်သင်ကြားနိုင်ပြီး ကိုယ်တိုင်လေ့လာ၍လည်း သင်ယူနိုင်ပါသည်။

About DA
  1. In 1923, the Government of India allowed to open the Government Diploma in Accountancy and Advanced Accountancy Class. At that time, the examination centers were set up only in Indian cities, and an examination center was set up in Yangon, Myanmar, in 1925. In 1932, the Government of India enacted the registration of accountants (RA) certificate of registration of accountants dated 26 March 1932 with the Notification No. 213 (11) T and E (AB) and discontinued government diploma courses.
  2. In 1972, the Union of Myanmar Revolutionary Council enacted the Myanmar Accountancy Council Law (1972), which established the Myanmar Accountancy Council. In accordance with the provisions of the Myanmar Accountancy Council Law and Rules (1972), the Myanmar Accountancy Council started the Diploma in Accountancy Training Course on 5 March 1973.
  3. The training period is 2 years. Applicants with a bachelor's degree from an accredited university may apply for the Diploma in Accountancy Training Course (Part I).
  4. Diploma in Accountancy Training Course is opened at the Yangon Training School and Nay Pyi Taw Training School of the Office of the Auditor General of the Union. At Nay Pyi Taw Training School, only government staffs are accepted. Moreover, the training can be attended at the private accounting training schools accredited by the Myanmar Accountancy Council and  self study is also allowed.
စာရင်းစစ်ချုပ်ရုံး အကြောင်း

စာရင်းစစ်ရုံးဝန်ထမ်း ကျင့်စဉ်ဆောင်ပုဒ်

သင့်အောင်ပေါင်း
ကောင်းအောင်နေ

တော်အောင်ကြိုးစား
စည်းကမ်းရိုသေ
တာဝန်ကျေစေ

စာရင်းစစ်ရုံးဝန်ထမ်း စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အခြေခံမူတစ်ရပ်
 

သတ်မှတ်ပြဌာန်းထားသည့် ကျင့်ဝတ်နှင့် စည်းကမ်းများကို စောင့်ထိန်းလိုက်နာကြ၍ လုပ်ငန်းကျွမ်းကျင်မှု အစဉ်တိုးတက်နေစေခြင်းဖြင့် စစ်ဆေးရေး စွမ်းဆောင်ရည် မြင့်မားစေရေးကို ဦးတည်ထားရှိရန်။

စာရင်းစစ်ရုံးဝန်ထမ်းကျင့်ဝတ်များ

ရှောင်ရန်

(က)   ရုံး၏ဂုဏ်သရေ ပျက်ယွင်းညှိုးနွမ်းစေမည့် အနေအထိုင်အပြုအမူ အကျင့်အကြံများကို မပြုလုပ်ရ။
(ခ)   လုပ်ပိုင်ခွင့်များကို ကိုယ်ကျိုးစီးပွားအတွက် အသုံးမပြုရ။
(ဂ)   တံစိုးလက်ဆောင်များမယူရ။
(ဃ)  လျှို့ဝှက်ချက်များ မပေါက်ကြားစေရ။
(င)   စစ်ဆေးရမည့်အဖွဲ့အစည်း၏ စီမံခန့်ခွဲရေးကိစ္စများ၌ မပါဝင်ရ။

ဆောင်ရန်

(က)   စစ်ဆေးရေးစွမ်းဆောင်ရည် မြင့်မားရန် ဦးတည်ကြိုးပမ်းရမည်။
(ခ)    သင့်တင့်လျှောက်ပတ်သော လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ ဂရုဓမ္မစိုက်ထုတ်မှုရှိရမည်။
(ဂ)    အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် ပြေပြစ်စွာ ပြောဆိုရမည်။
(ဃ)   ဖြောင့်မတ်မှန်ကန်စွာနှင့် အဂတိလေးပါး ကင်းရှင်းစွာ ဆောင်ရွက်ရမည်။
(င)     မြန်မာနိုင်ငံ အစိုးရလျှိုု့ဝှက်ချက် အက်ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ရမည်။
(စ)    စစ်ဆေးတွေ့ရှိချက်ကို လမ်းစဉ်အတိုင်းတင်ပြရမည်။
(ဆ)   စစ်ဆေးတွေ့ရှိချက်အားလုံးကို မကြွင်းမကျန် ဖော်ပြအစီရင်ခံရမည်။
(ဇ)     မြန်မာနိုင်ငံစာရင်းစစ်စံများအတိုင်း လိုက်နာဆောင်ရွက်ရမည်။

  

  

  

About OAG

 

Motto for personnel of the Audit Office

Keep your good communication
Live with good behaviors
Try the best
Abide by the discipline
Keep the dutiful manner.

 

The disciplinary principle for personnel of the Audit Office

Aim at improving high quality audit efficiency through enhancing continuous improvement of professional competence and observing the prescribed code of ethics & discipline.

 

Code of ethics for personnel of the Audit Office

Don’ts

(a)   Not to act any behavior that would discredit the glory of the office.
(b)   Not to abuse the entrusted power for self- interest.
(c)   Not to take bribes.
(d)   Not to disclose the confidential information.
(e)   Not to involve in the management functions of audited entities.

Dos

(a)    To make effort for the enhancement of the quality of audit efficiency.
(b)    To exercise due professional care and professional competence.
(c)    To communicate smoothly with the entities and related parties.
(d)    To be honest and free from four types of bias in audit operation.
(e)    To abide by the Myanmar Official Secrets Act.
(f)    To submit audit findings in a formal way.
(g)    To report all the audit findings with no exception.
(h)    To comply with Myanmar Standards on Auditing.

CPA Entrance Application Form

လက်မှတ်ရပြည်သူ စာရင်းကိုင်သင်တန်း ဝင်ခွင့်လျှောက်လွှာ

CPA I (39) တက်ရောက်ခွင့်ရသူများစာရင်း

Pages

Subscribe to Front page feed