OFFICE OF THE AUDITOR GENERAL OF THE UNION

 

Union Auditor General and responsible persons join 4th ASEANSAI Executive Committee Meeting

The 4th ASEANSAI Executive Committee Meeting was held at 8:00 am on 8 September 2020 virtually with Zoom platform to discuss the issue on the Terms of Reference (TOR) of the Establishment of Task Force ASEANSAI Legal Capacity (TFALC) according to the discussion of the side line meeting at XXIII INCOSAI in Russia in September 2019 and technical meeting prior to 5th ASEANSAI Summit in Kuala Lumpur in November 2019.

The meeting was hosted by SAI Malaysia as Chair of ASEANSAI and attended by 22 representatives from SAI Malaysia as Chairman of ASEANSAI, SAI Myanmar as Vice Chairman and SAI Indonesia as ASEANSAI Secretariat.

During the meeting, H.E YBhg. Datuk Nik Azman Nik Abdul Majid, Auditor General of SAI Malaysia as Chairman of ASEANSAI delivered the opening speech and the meeting was held with three activities of the agenda. After that, Mr. Bahtiar Arif, Secretary General of ASEANSAI Secretariat presented the ToR for the establishment of Task Force on ASEANSAI Legal Capacity (TFALC). ASEANSAI Chairman H.E YBhg. Datuk Nik Azman Nik Abdul Majid discussed to finalize the ToR and establishment of TFALC during the Task Force Meeting which will be held in the afternoon, participants agreed and concluded the meeting at 10:00 am.

The Union Auditor General in his capacity as Vice Chairman of ASEANSAI, the Permanent Secretary, the Director General (Audit Department), the Deputy Permanent Secretary and senior officials from the Office of the Auditor General of the Union were present at the meeting.

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများ 4th ASEANSAI Executive Committee Meeting သို့တက်ရောက်ခြင်း

ရုရှားနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ၌ ကျင်းပခဲ့သော ၂၃ ကြိမ်မြောက် INCOSAI အစည်းအဝေးတွင် ပြုလုပ်ခဲ့သော Side line meeting နှင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ၌ ကျင်းပခဲ့သော (၅) ကြိမ်မြောက် ASEANSAI Summit  မတိုင်မီကျင်းပ ခဲ့သော အစည်းအဝေးများတွင် ဆွေးနွေးချက်အရ TFALC-Task Force ASEANSAI Legal Capacity ဖွဲ့စည်းတည်ထောင်ရန် Terms of Reference – ToR ကို‌ဆွေးနွေးညှိနှိုင်းရန် (၄) ကြိမ်မြောက် ASEANSAI Executive Committee အစည်းအဝေးကို ၈.၉.၂၀၂၀ ရက်နေ့ ၊ နံနက် ၈:၀၀ နာရီတွင် Zoom platform ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးကို ASEANSAI ဉက္ကဋ္ဌဖြစ်သည့် SAI Malaysia ကဉီးဆောင်၍ ကျင်းပခဲ့ပြီး ASEANSAI Executive Committee အဖွဲ့ဝင်များဖြစ်သည့် ASEANSAI ဒုတိယဥက္ကဋ္ဌ SAI Myanmar နှင့် ASEANSAI ၏ Secretariat ဖြစ်သည့် SAI Indonesia တို့မှ ကိုယ်စားလှယ် ၂၂ ဦး တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ASEANSAI ဉက္ကဋ္ဌ ၊  မလေးရှားနိုင်ငံစာရင်းစစ်ချုပ် H.E YBhg. Datuk Nik Azman Nik Abdul Majid က အဖွင့်မိန့်ခွန်းပြောကြားပြီး အစည်းအဝေးကို အစီအစဉ် ၃ ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။  ASEANSAI Secretariat ၏ Secretary General ဖြစ်သူ Mr. Bahtiar Arif က ASEANSAI ၏ ဥပဒေရေးရာလိုအပ်ချက်နှင့်စပ်လျဉ်းသည့်အဖွဲ့ ဖွဲ့စည်းရေး အကြောင်းအရာများ ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ASEANSAI ဥက္ကဋ္ဌက ToR- Term of Reference  အပေါ် သဘောတူညီချက်တောင်းခံခြင်း၊ TFALC ဖွဲ့စည်းတည်ထောင်မှုအပေါ် သဘောတူညီချက်တောင်းခံခြင်းတို့ကို ယင်းနေ့ နေ့လယ်ပိုင်းတွင် ဆက်လက်ကျင်းပမည့် Task Force Meeting တွင် အပြီး သတ်ဆွေးနွေးရန် တင်ပြချက်အပေါ်သဘောတူညီခဲ့ကြပြီး အစည်းအဝေးကို နံနက် ၁၀:၀၀  နာရီ တွင်ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ASEANSAI ၏ ဒုတိယဉက္ကဋ္ဌ Executive Committee အဖွဲ့ဝင် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)၊ ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

Holding the IPSAS Implementation Preparatory Committee – IIPC (2/2020) Meeting

International Public Sector Accounting Standards (IPSAS) Implementation Preparatory Committee – IIPC (2/2020) Online Meeting was held by WebEx link at 10:00 AM on 11th September, 2020.

The Permanent Secretary from the Office of the Auditor General of the Union, Chair of the committee, the Director General from the Department of Treasury and the Deputy Director General on behalf of the Director General from the Department of Budget as Vice Chairs of the committee, Director General from the Office of the Auditor General of the Union, Deputy Director Generals from the Central Bank of Myanmar, Ministry of Education, Department of Planning and the General Manager from the Myanmar Economic Bank as members, and the Deputy Permanent Secretary from the Office of the Auditor General of the Union as the Secretary of the committee, attended the online meeting.

In the meeting, the progress of implementation on the decisions of 1/2020 IIPC meeting which was held on 23rd June, 2020 and the matters to be taken forward were discussed. Moreover, regarding the transition to the IPSAS from the generally accepted accounting principles, accounting policies and explanatory Notes, the effects of changes in foreign exchange rates, current condition of the matters to be expressed together with Forms (Yathasa-1) and (Yathasa-6) Receipt and Payment Accounts (Annual Accounts) according to the system  for the preparation of Receipt and Payment Financial Statements, and a sample of notes to the Financial Statements were discussed by the Office of the Auditor General of the Union, and the sector classifications in the System of National Accounts were discussed by the Department of Planning respectively.

နိုင်ငံတကာပြည်သူ့ကဏ္ဍစာရင်းစံများ အကောင်အထည်ဖော်မှု ကြိုတင်ပြင်ဆင်ရေးကော်မတီ (IPSAS Implementation Preparatory Committee -IIPC) (၂/၂၀၂၀) အစည်းအဝေး ကျင်းပခြင်း

       နိုင်ငံတကာပြည်သူ့ကဏ္ဍစာရင်းစံများ အကောင်အထည်ဖော်မှု ကြိုတင်ပြင်ဆင်ရေး ကော်မတီ (IIPC) ၂/၂၀၂၀ အစည်းအဝေးကို ၁၁-၉-၂၀၂၀ရက်နေ့၊ နံနက်၁၀:၀၀နာရီတွင် WebEx link ဖြင့် Online Meeting ပြုလုပ်ခဲ့ကြပါသည်။

       အဆိုပါကော်မတီအစည်းအဝေးသို့  ကော်မတီဉက္ကဋ္ဌဖြစ်သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်း အတွင်းဝန်၊ ဒုတိယဉက္ကဋ္ဌများဖြစ်သည့် ငွေတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား) ဒုတိယညွှန် ကြားရေးမှူးချုပ် ၊ အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပညာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ့စီးပွားရေးဘဏ်မှ အထွေထွေမန်နေဂျာနှင့် အတွင်းရေးမှူးဖြစ်သည့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ဒုတိယအမြဲတမ်းအတွင်းဝန်တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

       အဆိုပါအစည်းအဝေးတွင် ၂၃.၆.၂၀၂၀ ရက်နေ့တွင်ကျင်းပခဲ့သော ၁/၂၀၂၀ အစည်းအဝေး  ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စ ရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် အများလက်ခံကျင့်သုံးနေသည့် စာရင်းထားနည်းစနစ်မှ နိုင်ငံတကာပြည်သူ့ကဏ္ဍစာရင်းစံများ (IPSAS) သို့ အသွင် ကူးပြောင်းရေးနှင့် စပ်လျဉ်း ၍ သိရှိဆောင်ရွက်ရန် လိုအပ်သည့် Accounting Policies and Explanatory Notes The Effects of Changes in Foreign Exchange Rates ဘဏ္ဍာငွေအရ/ အသုံးဆိုင်ရာစာရင်းများ ပြုစုရေးဆွဲရန် နည်းစနစ်အရ ပုံစံ(ရသစ-၁)၊ (ရသစ-၆) ရသုံးစာရင်း (နှစ်ချုပ်)နှင့်အတူ ဖော်ပြရမည့် အကြောင်း အရာများ၏ လက်ရှိအခြေအနေနှင့် Notes to the Financial Statements နမူနာပုံစံတို့ကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးကလည်းကောင်း၊ System of National Accounts  ပါ Sector ခွဲခြားမှုများနှင့်စပ်လျဉ်း၍ စီမံကိန်းရေးဆွဲရေးဦးစီးဌာနက လည်းကောင်း အသီးသီးဆွေးနွေး တင်ပြခဲ့ကြပါသည်။

အများပြည်သူသို့စာရင်းဝန်ဆောင်မှုပေးသည့်စာရင်းစစ်ဆေးခြင်းမှအပဖြစ်သော စာရင်းလုပ်ငန်းအဖြစ် မှတ်ပုံတင်ထားသည့်လုပ်ငန်းများစာရင်း ထုတ်ပြန်ခြင်း
အများပြည်သူသို့စာရင်းဝန်ဆောင်မှုပေးသည့်စာရင်းစစ်ဆေးခြင်းမှအပဖြစ်သော စာရင်းလုပ်ငန်းအဖြစ် မှတ်ပုံတင်ထားသည့်လုပ်ငန်းရပ်နား စာရင်းထုတ်ပြန်ခြင်း
စာရင်းစစ်လုပ်ငန်းအမည်ဖြင့် မှတ်ပုံတင်ထားသည့်လုပ်ငန်းများစာရင်း ထုတ်ပြန်ခြင်း
အများပြည်သူသို့စာရင်းဝန်ဆောင်မှုပေးသည့်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသူများစာရင်းထုတ်ပြန်ခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဂတိလိုက်စားမှုတားဆီးကွယ်ရေးအဖွဲ့၊ ပညာပေးလက်ကမ်းစာစောင်(၂) ရှင်းလင်းဆွေးနွေးခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
အဂတိလိုက်စားမှုတားဆီးကွယ်ရေးအဖွဲ့၊ ပညာပေးလက်ကမ်းစာစောင်(၂) ရှင်းလင်းဆွေးနွေးခြင်း
 
အဂတိလိုက်စားမှုတားဆီးကွယ်ရေးအဖွဲ့၊ ပညာပေးလက်ကမ်းစာစောင် (၂) ရှင်းလင်း ဆွေးနွေးခြင်းကို ရုံးအဖွဲ့( ဦးစီးရုံး၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ) ၊ ရုံးအဖွဲ့ ( မူဝါဒ၊ ဥပဒေ လုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲ၊ ဌာနတွင်းစာရင်းစစ်နှင့်ဘဏ္ဍာရေး ဌာနခွဲ) ၊ ရုံးအဖွဲ့ ( ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ ၊ အုပ်ချုပ်ရေး နှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ) ၊ စီမံရေးရာလေ့ကျင့်ရေးနှင့် သုတေသနဦးစီးဌာန၊ စီမံရေးရာနှင့် လေ့ကျင့်ရေးဌာန (ပစ္စည်း/ဘတ်ဂျက်)၊ စီမံရေးရာနှင့် လေ့ကျင့်ရေးဌာန (ဝန်ထမ်းရေးရာ/ သင်တန်းကျောင်း) နှင့် စစ်ဆေးရေးဦးစီးဌာန၊ ဌာနခွဲများမှ ဒုတိယ ညွှန်ကြားရေးမှူးများက ဝန်ထမ်းများအား ရှင်းလင်းဆွေးနွေးပေးကြပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဂတိလိုက်စားမှုတားဆီးကွယ်ရေးအဖွဲ့၊ ပညာပေးလက်ကမ်းစာစောင်(၂) ရှင်းလင်းဆွေးနွေးခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
အဂတိလိုက်စားမှုတားဆီးကွယ်ရေးအဖွဲ့၊ ပညာပေးလက်ကမ်းစာစောင်(၂) ရှင်းလင်းဆွေးနွေးခြင်း
 
အဂတိလိုက်စားမှုတားဆီးကွယ်ရေးအဖွဲ့၊ ပညာပေးလက်ကမ်းစာစောင် (၂) ရှင်းလင်း ဆွေးနွေးခြင်းကို ရုံးအဖွဲ့( ဦးစီးရုံး၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ) ၊ ရုံးအဖွဲ့ ( မူဝါဒ၊ ဥပဒေ လုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲ၊ ဌာနတွင်းစာရင်းစစ်နှင့်ဘဏ္ဍာရေး ဌာနခွဲ) ၊ ရုံးအဖွဲ့ ( ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ ၊ အုပ်ချုပ်ရေး နှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ) ၊ စီမံရေးရာလေ့ကျင့်ရေးနှင့် သုတေသနဦးစီးဌာန၊ စီမံရေးရာနှင့် လေ့ကျင့်ရေးဌာန (ပစ္စည်း/ဘတ်ဂျက်)၊ စီမံရေးရာနှင့် လေ့ကျင့်ရေးဌာန (ဝန်ထမ်းရေးရာ/ သင်တန်းကျောင်း) နှင့် စစ်ဆေးရေးဦးစီးဌာန၊ ဌာနခွဲများမှ ဒုတိယ ညွှန်ကြားရေးမှူးများက ဝန်ထမ်းများအား ရှင်းလင်းဆွေးနွေးပေးကြပါသည်။

Pages

Subscribe to Front page feed