OFFICE OF THE AUDITOR GENERAL OF THE UNION

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် နိုင်ငံတကာ စာရင်းစစ်ချုပ်ရုံးများ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ကနဦးအဖွဲ့ နှင့် အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့တို့မှ Instructor များအား လက်ခံတွေ့ဆုံ

၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ သည့် Instructor’s Design Meeting for the Blended Learning Specialist Workshop သို့ တက်ရောက်လာသည့် နိုင်ငံတကာ စာရင်းစစ်ချုပ်ရုံးများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကနဦးအဖွဲ့ (IDI) နှင့် အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASOSAI) တို့မှ Instructor များအား ၂၀၁၇ ခုနှစ်၊ မေလ ၂၃ ရက်နေ့ နံနက် ၁၀း၀၀ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။ ထို့သို့တွေ့ဆုံရာတွင် Instructor’s Design Meeting ၌ ဆောင်ရွက်နေသည့် အကြောင်းအရာများ၊ IDI Activity များတွင် ဤရုံးက ပါဝင်ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။

၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဤရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။