OFFICE OF THE AUDITOR GENERAL OF THE UNION

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၁၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အခမ်းအနား ကျင်းပခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၁၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အခမ်းအနားအား ဘုရားကြီးကျောင်းတိုက်နှင့်     ရတနာဘုမ္မိသာရကျောင်းတိုက်တို့၌ ၂၆-၁၁-၂၀၂၀ ရက်နေ့ ၀၇:၀၀ နာရီတွင်  ကျင်းပရာ  ကထိန်လျာဉတ်သင်္ကန်းကြီး နှင့်   လှူဖွယ်ဝတ္ထုအစုစု ငွေကျပ်  ၄,၉၉၉,၆၀၀   နှင့် ပစ္စည်းတန်ဖိုး ကျပ် ၂,၄၄၁,၉၅၀ စုစုပေါင်း ကျပ်  ၇,၄၄၁,၅၅၀  တို့အား     သံဃာတော်အရှင်သူမြတ်များထံ    ဆက်ကပ်လှူဒါန်းပြီး ဆရာတော်များမှ ပရိတ် တရားတော်များ ရွတ်ပွားချီးမြှင့်ခြင်း၊ အနုမောဒနာတရားဟောကြားချီးမြှင့်ခြင်းနှင့် လှူဒါန်းမှု အစုစု တို့အတွက် ရေစက်သွန်းချ အမျှဝေခြင်းတို့ကို ပြုလုပ်ကြပါသည်။

          အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် နေပြည်တော်စာရင်းစစ်ရုံးတို့မှ ဝန်ထမ်းများတက်ရောက်ကြပါသည်။