OFFICE OF THE AUDITOR GENERAL OF THE UNION

 

ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်စပ်လျဉ်း၍ Donor Coordination Virtual Meeting ကျင်းပခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော ADB ၊ EU ၊ ကမ္ဘာ့ဘဏ်၊ GIZ၊ IDI နှင့် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးတို့ ပါဝင်သည့် Donor Coordination Virtual Meeting ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ နေ့လယ် ၁:၃၀ နာရီတွင် Microsoft Team Platform ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး အစည်းအဝေးကို အစီအစဉ် (၄) ခုဖြင့် ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံ၏စာရင်းပညာရပ်အတွက် နည်းပညာအကူအညီများ ထောက်ပံ့ပေးလျက်ရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် စစ်ဆေး‌ရေးနယ်ပယ် အသီးသီးရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းအားဖြင့် အရည်အသွေးပြည့်ဝသော စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန် အထောက်အပံ့များရရှိခဲ့ကြောင်းပြောကြားခဲ့ပါသည်။ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဤရုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ သော လုပ်ငန်းစဉ်များ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြခြင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်က တင်ပြချက်များအပေါ် သဘောထားမှတ်ချက်များပေးခြင်း၊ နောင်တွင် ဆောင်ရွက်လိုသည့်ကိစ္စရပ်များကို အဆိုပြုခြင်းဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို နေ့လယ် ၃:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှုးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။