OFFICE OF THE AUDITOR GENERAL OF THE UNION

 

အများနှင့်ဆိုင်သော စာရင်းလုပ်ငန်း လုပ်ကိုင်ခွင့် ရပ်နားသူများစာရင်း ထုတ်ပြန်ခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ရခိုင်ပြည်နယ်ခရီးစဉ်

နိုင်ငံတကာ စာရင်းစစ်စံများ လိုက်နာကျင့်သုံးရန် ပြဌာန်းခြင်း

အသေးစားနှင့် အလယ်အလတ်စား လုပ်ငန်းများဆိုင်ရာ နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်း စံများ

နိုင်ငံတကာ ဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာစံများ လိုက်နာကျင့်သုံးရန် ပြဌာန်းခြင်း

အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုုသင်တန်း အမှတ်စဉ် (၂၃၀) ဆင်းပွဲအခမ်း အနားကျင်းပခဲ့

၁။ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ( ၃ ) ရက်နေ့ နံနက်( ၁၀ း ၀၀ ) နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ အခြေခံ စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုု သင်တန်း အမှတ်စဉ် (၂၃၀) ဆင်းပွဲအခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်း လမ်းညွှန် အမှာစကားပြော ကြားခဲ့ပါသည်။

၂။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား/သင်တန်းသူ (၂၂၁) ဦး တက်ရောက်ခဲ့ကြပါသည်။

၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-

- ယခု ဖွင့်လှစ်သော သင်တန်းအား (၇-၅-၂၀၁၈) ရက်နေ့မှ (၃-၇-၂၀၁၈)ရက်နေ့ထိ သင်တန်း ကာလ(၂)လဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား(၂၂၁)ဦးနှင့် သီးခြားသင်တန်း ဖွင့်လှစ်ခွင့်ပြုထားသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်တွင် သင်တန်းသား (၅၁) ဦး၊ သာသနာရေး နှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန နေပြည်တော်၊ ရန်ကုန်တွင် သင်တန်းသား (၁၁၂) ဦး၊ စုစုပေါင်း (၃၈၄) ဦး တက်ရောက်ပြီး စာမေးပွဲကို (၆-၇-၂၀၁၈) ရက်နေ့မှ (၁၂-၇-၂၀၁၈) ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊

- အခမ်းအနားသို့ တက်ရောက်လာသော သင်တန်းသူ/သင်တန်းသားများအနေနှင့် သင်တန်းကို ပြီးဆုံးအောင် တက်ရောက်သလို စာမေးပွဲကိုလည်း ကောင်းစွာဖြေဆိုနိုင်လိမ့်မည်ဟု မျှော်လင့် မိပါကြောင်း၊

- သင်တန်းမှ သင်ကြားပို့ချပေးလိုက်သော ပညာရပ်များသည် နိုင်ငံ့ဝန်ထမ်းများအတွက် လိုအပ်သည့် ပညာရပ်များဖြစ်ပြီး မိမိဌာနမှာ တာဝန်ထမ်းဆောင်သည့်အခါ သင်တန်းမှ ပို့ချပေးသော စာတွေ့ဗဟုသုတ ပညာများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် လက်တွေ့ အသုံးချနိုင်အောင် ကြိုးစားကြစေလိုကြောင်း၊

- သင်တန်းကို အချိန်ကုန်ငွေကုန်ခံပြီး တက်ရောက်ကြရသည် ဖြစ်သောကြောင့် သင်ကြားပေးလိုက်သည့် ဘာသာရပ်များကို လက်တွေ့လုပ်ငန်းခွင်တွင် မိမိအတွက်၊ ဌာနအတွက်၊ နိုင်ငံ့အတွက် အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊

- သင်တန်းသူ/သားများသည် စာမေးပွဲကို ထူးချွန်စွာအောင်မြင်ပြီးနောက် အဆင့်မြင့်သင်တန်းများဖြစ်သည့် အလယ်အလတ်အဆင့်၊ အဆင့်မြင့် စာရင်းကိုင်သင်တန်းများကို တက်ရောက်နိုင်ကြပြီး နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ စောင့်ထိန်းရမည့် ဝန်ထမ်းကျင့်ဝတ် စည်းကမ်းများကို လိုက်နာစောင့်ထိန်းကြပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဆထက်ထမ်းပိုးတိုး၍ ဆောင်ရွက်နိုင်သော ဝန်ထမ်းကောင်းများ ဖြစ်ကြစေလိုကြောင်း၊

၄။ အခမ်းအနားကို နံနက် ( ၁၀ း ၃၀ ) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်းသား မှတ်ပုံတင်အမှတ်များ ထုတ်ပြန်ခြင်း

လက်မှတ်ရပြည်သူ့စာရင်းကိုင် (ဒုတိယပိုင်း) သင်တန်း ၊ အမှတ်စဉ် - ၄၂ စာမေးပွဲ အချိန်စာရင်း ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင် ၂၉၀ ကို ASEAN CPA လက်မှတ်များချီးမြှင့်
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း မြောက်ဦးခရိုင် မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံ

Pages

Subscribe to Front page feed