OFFICE OF THE AUDITOR GENERAL OF THE UNION

၂၈-၁၂-၂၀၂၂ ရက်နေ့တွင် ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) သင်တန်း၊ အမှတ်စဉ် - ၄၀ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း
သက်ကြီးပူဇော်ပွဲ ဖိတ်ကြားလွှာ
၂၈-၁၂-၂၀၂၂ ရက်နေ့တွင် ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) သင်တန်း၊ အမှတ်စဉ် - ၄၀ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်သင်တန်းကျောင်းတွင် မြန်မာနိုင်ငံစာရင်းကောင်စီမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် ဒီပလိုမာစာရင်းကိုင် (Diploma in Accountancy - DA) (ဒုတိယပိုင်း) သင်တန်း၊ အမှတ်စဉ် - ၄၀ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၈-၁၂-၂၀၂၂ ရက်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဦးတင်ဦး တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဘဏ္ဍာငွေစီမံခန့်ခွဲမှုခိုင်မာအားကောင်းရေးသည် အရေးပါသည့်ကဏ္ဍတစ်ရပ် ဖြစ်ပါကြောင်း၊ သို့ပါ၍ နိုင်ငံ၏ဘဏ္ဍာငွေစီမံခန့်ခွဲမှုအားကောင်းပြီး စီးပွားရေးဖွံ့ဖြိုးတက်မှုကို အထောက်အကူပြုနိုင်ရန်အတွက်အရည်အချင်းပြည့်ဝသော စာရင်းပညာရှင်များ၊ စာရင်းကျွမ်းကျင်သူများ တိုးပွားစေရန် မြန်မာနိုင်ငံစာရင်းကောင်စီကကြီးမှူး၍ ဒီပလိုမာစာရင်းကိုင်သင်တန်းများနှင့် လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်းများကို  စဉ်ဆက်မပြတ်  ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း။

ဒီပလိုမာစာရင်းကိုင်သင်တန်းများကို နေပြည်တော်သင်တန်းကျောင်းတွင် ၂၀၁၀ - ၂၀၁၁ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယခုသင်တန်းသည် (၁၁) ကြိမ်မြောက် ဖွင့်လှစ်နိုင်ခဲ့သည့်သင်တန်းဖြစ်ပါကြောင်း၊ ဤသင်တန်းသည် စာရင်းကိုင်နှင့်စာရင်းစစ်ပညာကို စတင်လေ့လာသင်ယူသူများအတွက် အခြေခံကောင်းများရရှိစေပြီး စာရင်းပညာရှင်အဆင့်သို့ တက်လှမ်းနိုင်မည့် အရေးပါသောသင်တန်းတစ်ခုဖြစ်ပါကြောင်း။

သို့ပါ၍ သင်တန်းသားများအနေဖြင့် မိမိတို့သင်ယူလေ့လာနေသည့် ပညာရပ်များ၏ တန်ဖိုးကို သိရှိနားလည်ပြီး သင်တန်းကာလတစ်လျှောက် ဇွဲ၊ လုံ့လ၊ ဝီရိယရှိစွာဖြင့် ကြိုးစားခဲ့မှုများကို အရှိန်အဟုန် မပြတ် ဆက်လက်ကြိုးပမ်းအားထုတ်၍ ရလဒ်ကောင်းများရရှိစေရေးနှင့် နိုင်ငံတော်၏လိုအပ်ချက်များကို မိမိတို့ကျရာ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်သည့် အရည်အချင်းပြည့်ဝသော စာရင်းကျွမ်းကျင်သူများဖြစ်စေရေး ကြိုးစားကြစေလိုပါကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါသင်တန်းကို (၁၀) လကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး နေပြည်တော်သင်တန်းကျောင်းတွင် စာသင်ခန်းတက်ရောက် (Face To Face) ဖြင့် သင်တန်းသား (၂၁) ဦး နှင့် Online ဖြင့် သင်တန်းသား (၁၄) ဦး စုစုပေါင်း (၃၅) ဦး တက်ရောက်ပြီးမြောက်ခဲ့ပြီး လာမည့်ဇန်နဝါရီလတွင်  အရည်အချင်းစစ်စာမေးပွဲ ကျင်းပသွားမည် ဖြစ်ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစာရင်းကောင်စီအဖွဲ့ဝင်များ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံစာရင်းကောင်စီ၏ (၁၈)ကြိမ်မြောက် လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့် ဒီပလိုမာစာရင်းကိုင်စာမေးပွဲအောင်လက်မှတ်ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ရန်ဖိတ်ကြားခြင်း
ဒီပလိုမာစာရင်းကိုင်(ဒုတိယပိုင်း) အမှတ်စဉ် ၄၁ သင်တန်းသားအဖြစ် မှတ်ပုံတင်ရန်ကိစ္စ
လက်မှတ်ရပြည်သူ့စာရင်းကိုင်(ပထမပိုင်း)သင်တန်းအမှတ်စဉ်-၄၆ စာမေးပွဲဖြေဆိုရန် ခုံအမှတ်နှင့်ဖြေဆိုရမည့်နေရာစာရင်းထုတ်ပြန်ခြင်း
၂၇-၁၂-၂၀၂၂ ရက်နေ့တွင်မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများအသင်း၏ ဒုတိယအကြိမ် နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများကြီးကြပ်‌ရေးကောင်စီဥက္ကဋ္ဌ ဦးတင်ဦး Video Message ပေးပို့၍ အဖွင့်အမှာစကားပြောကြားခြင်း

မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများအသင်း၏ ဒုတိယအကြိမ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ရန်ကုန်မြို့၊ မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများအသင်းက ဦးဆောင်၍ ၂၇-၁၂-၂၀၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ဗီဒီယိုကွန်းဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများကြီးကြပ်‌ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးက Video Message ပေးပို့၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

Video Message တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က  လူမွဲခံယူခြင်းဆိုင်ရာဥပဒေသည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ပြဌာန်းခဲ့ပြီး  ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၅ ရက် နေ့မှ စတင်အာဏာတည်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မတ်လ ၂၆ ရက်နေ့တွင် ပြည်ထောင်စုအစိုးရ အဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၂၅/၂၀၂၀ ဖြင့် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများကြီး ကြပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ပါကြောင်း။

လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများ ပြုစုပျိုးထောင်နိုင်စေရန်နှင့် လုပ်ထုံးလုပ်နည်း များ တိုးတက်ကောင်းမွန်လာစေရေးအတွက် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများအသင်းကိုလည်း မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်နေ့တွင် မှတ်ပုံတင်ဖွဲ့စည်းခဲ့ပါကြောင်း။ ယခုအချိန်တွင် လူမွဲဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ နိုင်ငံတကာအလေ့အကျင့်နှင့် ဗဟုသုတများရရှိစေရန် နိုင်ငံခြားသားအသင်းဝင် ၇ ဦး အပါအဝင် အသင်းဝင် စုစုပေါင်း ၁၆၆ ဉီး ရှိပြီဖြစ်ပါကြောင်း။ အသင်းအနေဖြင့် အသင်းဝင်များမှ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေ၊နည်းဥပဒေများအပေါ် ကောင်းစွာနားလည်သိရှိသဘောပေါက်စေရန် ရည်ရွယ်၍ အပတ်စဉ် စနေနှင့် ဗုဒ္ဓဟူးနေ့များတွင် ဆွေးနွေးပွဲများ ပြုလုပ်ပေးလျက်ရှိသည်ကို သိရှိရပါကြောင်း၊ အဆိုပါဆွေးနွေးပွဲများသို့ အသင်းဝင်လက်မှတ်ရပြည်သူ့စာရင်းကိုင်များ၊ ရှေ့နေများ၊ ပြည်ပနိုင်ငံမှ လူမွဲခံယူခြင်းဆိုင်ရာဥပဒေကျွမ်းကျင်သူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြကြောင်း သိရှိရပါကြောင်း၊ အသင်းသားများ၏ပညာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုရှိစေရေး၊ ဥပဒေ၊ နည်းဥပဒေများ သိရှိနားလည်ထားခြင်းဖြင့် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူအဖြစ် ဆောင်ရွက်ရာတွင် အထောက်အပံ့ ဖြစ်စေပါကြောင်း၊ သို့ပါ၍  အသင်းအနေဖြင့် ဆွေးနွေးပွဲများ ပြုလုပ်ကျင်းပဆောင်ရွက်နေသည်မှာ ကောင်းမွန်သည့် လုပ်ဆောင်ချက်ဖြစ်ပါကြောင်း။

အသင်းအနေဖြင့် မိမိတို့အသင်း၏ ရှေ့လုပ်ငန်းစဉ်များဖြစ်သည့် လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေနှင့်နည်းဥပဒေများကို ပိုမိုပြန့်ပွားနားလည်စေရန် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပုံမှန် ဆွေးနွေးပွဲများကို ဆက်လက်ဆောင်ရွက်သင့်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များလည်း သိရှိ နားလည်စေရန် UMFCCI နှင့်ပူးပေါင်း၍ ဆွေးနွေးပွဲများကျင်းပရန် လိုအပ်ပါကြောင်း၊ ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခြင်းများကို ဥပဒေနှင့်အညီ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများကြီးကြပ်ရေးကောင်စီ၏ လမ်းညွှန်မှုကိုခံယူပြီး အသင်းတာဝန်ရှိသူများနှင့်အသင်းဝင်များ ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။

လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများသည် စီးပွားရေးလုပ်ငန်းများကို ငွေကြေးအကြပ်အတည်းမှဖြေရှင်းဆောင်ရွက်ရန်၊ ပြန်လည်ထူထောင်လာနိုင်စေရန်နှင့် လုပ်ငန်းမပျက်ပြားအောင် ရှေးရှုဆောင်ရွက်သင့်ပါကြောင်း၊ ဖျက်သိမ်းခြင်းမပြုမီမှာလည်း ကယ်ဆယ်ခြင်းနှင့်ပြန်လည်ထူထောင်ခြင်းအစီအစဉ်များကို ဆောင်ရွက်ရန်အတွက် ကုမ္ပဏီ၏ ပစ္စည်းထိန်း၊ ပြန်လည်ထူထောင် ရေးမန်နေဂျာ/ အကြံပေး/ အစီအစဉ်ကြီးကြပ်သူ၊ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ စသည့် ရာထူးတာဝန်တွေကို ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း။

 အသင်း၏အရည်အချင်းလိုအပ်ချက်များ ပြည့်စုံရန်သာမက ကောင်စီမှသတ်မှတ်ထားသည့် အရည်အချင်းလိုအပ်ချက်များနှင့်လည်း ပြည့်စုံရန်လိုအပ်ပါကြောင်း။ သို့ပါ၍ အသင်းသားများအနေနဲ့ မိမိတို့၏အရည်အချင်းများ ပြည့်ဝနေစေရန် အသင်းမှဆောင်ရွက်ပေးလျက်ရှိသည့် ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ကြရန် လိုပါကြောင်း၊ ထို့အပြင် မိမိတို့ကိုယ်တိုင်လည်း အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေပါ ရည်ရွယ်ချက်များအတိုင်း လျော်ကန်သင့်မြတ်စွာဆောင်ရွက်ခြင်း၊ မိမိတို့၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် သတ်မှတ်ထားသည့် လုပ်ပိုင်ခွင့်ဘောင်အတွင်း ထိုက်သင့်သည့် သတိဝီရိယဖြင့် ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန် အကြံပြုပြောကြားလိုပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ယနေ့တက်ရောက်လာကြသည့် အသင်းဝင်များအနေဖြင့် ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ အသင်းနှင့်ကောင်စီတို့မှ အခါအားလျော်စွာ ထုတ်ပြန်သတ်မှတ်သည့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ၊ကျင့်ဝတ်သိက္ခာဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ၏ ဝန်ဆောင်မှုများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ကြစေလိုပါကြောင်းနှင့် မိမိတို့၏လုပ်ငန်းတာဝန်များကို ကျွမ်းကျင်မှုဖြင့် ထိရောက်စွာထမ်းဆောင်နိုင်ကြ သူများအဖြစ် အလေးထားကြိုးပမ်းဆောင်ရွက်သွားကြစေလိုပါကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

Pages

Subscribe to Front page feed