OFFICE OF THE AUDITOR GENERAL OF THE UNION

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးတို့၏ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အစည်းအဝေးကျင်းပခြင်း

၁။      ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့်နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးတို့၏ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အစည်းအဝေးကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည် တော်၌ ၂၀၁၇ ခုနှစ် ဧပြီလ (၆) ရက်နေ့မှ (၇) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။      နှစ်ပတ်လည်အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းနှင့်နော်ေ၀ နိုင်ငံစာရင်းစစ်ချုပ်ရုံးမှ နိုင်ငံတကာရေးရာဌာန၊ အကြီးအကဲ Mrs. Gry Anette Midtbo ဦးဆောင်သော နော်ဝေမစ်ရှင်အဖွဲ့တို့သည် ဤရုံးနှင့် နော်ဝေစာရင်းစစ်ချုပ်ရုံးတို့အကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်း ကဏ္ဍများမှ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီးမြောက်ခဲ့သည့် လုပ်ငန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ရရှိခဲ့သည့်အတွေ့အကြုံများနှင့် စိန်ခေါ်မှုများအပေါ် ပြန်လည်သုံးသပ်ခြင်း၊ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်အတွင်း ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များညှိနှိုင်းတိုင်ပင်ခြင်းနှင့် အခြားဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၏အကူအညီ များအပေါ် ထိရောက်စွာ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

၃။      နှစ်ပတ်လည်အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။