OFFICE OF THE AUDITOR GENERAL OF THE UNION

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှ Mr. Steven Bower ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဦးမော်သန်းသည် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှ အကြံပေးများဖြစ်ကြသော Mr. Steven Bower နှင့် Mr. Colin Hatehins ဦးဆောင်သော အဖွဲ့အား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့ နေ့လယ် ၂း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။ ထိုသို့ တွေ့ဆုံရာတွင် တည်ဆဲအခွန်ဥပဒေ ဆိုင်ရာကိစ္စရပ်များ၊ လက်ရှိအခွန်ထမ်းများ၏ လိုက်နာ ဆောင်ရွက်မှုအခြေအနေ နှင့် ပြုပြင်ပြောင်းလဲသင့်သည်များကို ဆွေးနွေးခဲ့ကြပါသည်။

၃။အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ဒုတိယ အမြဲတမ်းအတွင်းဝန် နှင့် ဒုတိယ ညွှန်ကြားရေးမှုးချုပ်များ၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှုးချုပ် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။