OFFICE OF THE AUDITOR GENERAL OF THE UNION

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၌ GIZအထောက်အပံ့ဖြင့် ဖွင့်လှစ်သင်ကြားခဲ့သည့် အင်္ဂလိပ်ဘာသာ စကားသင်တန်း ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်သည့် အခမ်းအနား ကျင်းပခြင်း

ဤရုံး ဝန်ထမ်းများ၏ အင်္ဂလိပ်စာ အရည်အသွေး တိုးတက်လာစေရေးအတွက် GIZ အထောက်အပံ့ဖြင့် အင်္ဂလိပ် ဘာသာစကား သင်တန်းကို Initial Assessment Test Result အရသင်တန်းသား (၈၄) ဦး ကို Level(၃)ခု ခွဲ၍ ၅-၉-၂၀၁၆ ရက်နေ့မှ ၂၉-၁၁-၂၀၁၆ရက်နေ့ အထိ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။

သင်တန်း ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်သည့် အခမ်းအနားကို ၂၀-၁၂-၂၀၁၆ ရက်နေ့တွင် ဤရုံး၌ ကျင်းပခဲ့ပြီး GIZ၏ Head of Component ဖြစ်သူ Mr.AnthonyDeary မှ သင်တန်းသားများအား သင်တန်း ပြီးမြောက်ကြောင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ဤရုံးမှ ဒုတိယညွှန်ကြားရေးချုပ်များနှင့် တာဝန်ရှိသူများ၊ GIZ နှင့် NELCXplore Myanmar သင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။