OFFICE OF THE AUDITOR GENERAL OF THE UNION

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် GIZ မှ Head of Component ဖြစ်သူ Mr. Anthony Deary ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

၁။     ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် GIZ မှ Mr. Anthony Deary ဦးဆောင်သော အဖွဲ့အား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက် နေ့ နံနက် ၁၀:၄၅ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။

၂။ ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍတွင် IFRS နှင့် ISA တို့ကို အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ရေး ကိစ္စရပ်များ၊ BFRIC Committee ဥက္ကဋ္ဌကို အစားထိုး ဖွဲ့စည်းရန် ကိစ္စနှင့် နောင်အနာဂတ် ကာလများတွင် GIZ မှ ပံ့ပိုးမှု ပေးနိုင်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြပါသည်။ 

၃။     အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။