OFFICE OF THE AUDITOR GENERAL OF THE UNION

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် International Federation of Accountants (IFAC) မှ Technical Manager for Global Accountancy Program ဖြစ်သူ Mrs. Marta Russel နှင့် မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းမှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၁။   ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် International Federation of Accountants (IFAC) မှ Technical Manager for Global Accountancy Program ဖြစ်သူ Mrs. Marta Russel နှင့် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းမှ ကိုယ်စား လှယ်အဖွဲ့အား ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၉ ရက် နေ့လယ် ၁၂း၀၀ နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

၂။   ထိုသို့တွေ့ဆုံရာတွင် Public Sector နှင့် Private Sector တွင် စာရင်းကိုင်စံ၊ စာရင်း စစ်စံများအား အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ စာရင်းအတတ်ပညာဆိုင်ရာ အဖွဲ့အစည်းများ၏ Capacity Building Program ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြပါသည်။

၃။   အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။