OFFICE OF THE AUDITOR GENERAL OF THE UNION

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် အပြည်ပြည် ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund -IMF) မှ Mission Chief ဖြစ်သူ Ms.Eliko Pedastsaar ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

၁။   ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့  (International Monetary Fund - IMF) မှ Mission Chief ဖြစ်သူ Ms.Eliko Pedastsaar ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့အား ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၀) ရက်၊ နေ့လယ် ၁း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။

၂။   ထိုသို့တွေ့ဆုံရာတွင် ဘတ်ဂျက်အကောင်အထည်ဖော်ခြင်း၊ ဘဏ္ဍာရေးအစီရင်ခံခြင်း၊ ဌာနတွင်း စာရင်းစစ်ဆေးခြင်း၊ ပြင်ပစာရင်းစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ပါသည်။

၃။   အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။