OFFICE OF THE AUDITOR GENERAL OF THE UNION

 

ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် German International Cooperation (GIZ) မှ Head of Competence Centre ဖြစ်သူ Mr.Roland Gross နှင့် Head of Project ဖြစ်သူ Mr.ThomasFoerch ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် GIZ မှ Head of Competence Centre ဖြစ်သူ Mr. Roland Gross နှင့် Head of Project ဖြစ်သူ Mr.ThomasFoerch တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၁၄) ရက်နေ့ နံနက် ၉း၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

၂။ ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် IFRS Pilot Banks စီမံကိန်း နှင့်စပ်လျဉ်း၍ GIZ က လက်ရှိ ဆောင်ရွက်နေသည့် အခြေအနေနှင့် Banking Sector တွင် အနာဂတ်၌ ရှိလာမည့် ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံခြင်း ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။