OFFICE OF THE AUDITOR GENERAL OF THE UNION

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် European Union (EU) မှ Senior Development Consultant Mr. Thomas Thomsen ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် EU မှ Senior Development Consultant ဖြစ်သူMr. Thomas Thomsen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၆ခုနှစ် အောက်တိုဘာလ (၁၀) ရက်၊ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးဧည့်ခန်း၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။ ထိုသို့ တွေ့ဆုံရာတွင် EU ၏ Budget အကူအညီပေးမှုတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဗြိတိန်နိုင်ငံစာရင်းစစ်ချုပ်ရုံးတို့ အကြား (၃)နှစ်ကြာTwinning Arrangement ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဤလုပ်ငန်းဆောင်ရွက်မှုအပေါ် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ သဘောထားအမြင်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ဦးစားပေး ဆောင်ရွက်လိုသည့် နယ်ပယ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ပါသည်။

၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ် (စစ်ဆေးရေး)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။