OFFICE OF THE AUDITOR GENERAL OF THE UNION

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းအား KPMG Thailand မှအမှုဆောင်အရာရှိဖြစ်သူMr. Winid Silamongkol ဦးဆောင်သောKPMGကိုယ်စားလှယ်အဖွဲ့လာရောက်တွေ့ဆုံ

၁။ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းအား KPMG Thailand မှ အမှုဆောင် အရာရှိဖြစ်သူ Mr. Winid Silamongkol ဦးဆောင်သော KPMG ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၆ခုနှစ်၊ ဇွန်လ (၈) ရက်နေ့နံနက် ၉း၃၀ နာရီတွင်နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။
၂။ထိုသို့ တွေ့ဆုံရာတွင် စာရင်းနှင့်စာရင်းစစ် ပညာဖွံဖြိုး တိုးတက်ရေးအတွက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ရက်၁၀၀စီမံချက်၏ ပထမအစီအစဉ်ဖြစ်သော Accounting & Auditing Fair (2016) နှင့်စပ်လျဉ်း၍ KPMG အပါအဝင် Big Four Accounting Firms ၊ ACCA ၊ CIMA ၊ ICAEW စသည့် အဖွဲ့အစည်းများစွာမှ ပူးပေါင်း ပါဝင်ဆောင်ရွက်ရေးကိစ္စ၊ KPMG ၏ မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်နေမှုများ၊ Myanmar Stock Exchange အတွက် KPMG ၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုနှင့် အခြားနိုင်ငံများ၏ Stock Exchange ဆိုင်ရာ အတွေ့အကြုံများ၊ စာရင်းကိုင်စံ၊ စာရင်းပညာ၊ စာရင်းစစ်ဆေးခြင်း ဆိုင်ရာကိစ္စရပ်များ၊ ဤရုံးအတွက် လိုအပ်သည့် အကူအညီပေးရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ဲကြပါသည်။
၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။