OFFICE OF THE AUDITOR GENERAL OF THE UNION

 

အဆင့်မြင့်ဌာနတွင်းစာရင်းစစ်လုပ်ငန်းခွင်ကျွမ်းကျင်မှှု အမှတ်စဉ် (၁/၂၀၁၅) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

၁။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အဆင့်မြင့် ဌာနတွင်း စာရင်းစစ် လုပ်ငန်းခွင် ကျွမ်းကျင်မှှု အမှတ်စဉ် (၁/၂၀၁၅) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ ကထိကများ နှင့် သင်တန်းသား/သူ (၁၀၄)ဦး တက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန် ဒေါ်ခင်စန်းဦးက အောက်ပါအချက်များ လမ်းညွှန် မှာကြားခဲ့ပါသည်-
- အခြေခံ ဌာနတွင်း စာရင်းစစ်များ လုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်းတွင် သင်တန်းကာလ (၂)လ နီးပါး ပို့ချခဲ့သော်လည်း ယခုအဆင့်မြင့် သင်တန်းတွင်မူ သင်တန်းကာလ (၁)လ နီးပါးသာ ပို့ချခဲ့သည့်အတွက် Skillရသည်အထိ ကျွမ်းကျင်မှု ရှိချင်မှ ရှိမည် ဖြစ်သော်လည်း စာရင်းစစ်နှင့် ပတ်သက်သော Knowledge များကိုတော့ ရလိမ့်မည်ဟု မျှော်လင့်ကြောင်း
- စာရင်းစစ်များသည် မိမိစစ်ဆေးရသည့် ကိစ္စရပ်များ သေသေချာချာ လေ့လာသိရှိ နားလည် သဘောပေါက်မှသာ အဖွဲ့အစည်းများ၏ အားနည်းချက်များကို အကြံပြုနိုင်မည်ဖြစ်ကြောင်း
- ဝန်ထမ်းများသည် တစ်ဆင့်ပြီး တစ်ဆင့် ရာထူးများ တိုးမြှင့် ထမ်းဆောင်ကြ ရမှာဖြစ်သည့် အတွက် မိမိနှင့် ဆက်စပ်နေသော စီးပွားရေး၊ အုပ်ချုပ်ရေး၊ ပြောင်းလဲမှုများကို ဗဟုသုတ ရှာဖွေရန် လိုအပ်ကြောင်း
- မိမိ၏ အရည်အသွေးများ တစ်နေ့ထက်တစ်နေ့ ပိုမိုတောက်ပြောင်နေအောင် Polish တိုက်နေရမည်ဖြစ်ကြောင်း
၄။ သင်တန်းဆင်းပွဲ အခမ်းအနားကို နံနက် (၁၁း၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။