OFFICE OF THE AUDITOR GENERAL OF THE UNION

 

GIZ for Support to ASEAN Supreme Audit Institutions မှ Mr. Alexander Beetz ဦးဆောင်သည့် အဖွဲ့သည် GIZ (Myanmar) မှ Mr. Shmin အဖွဲ့နှင့် ပူးပေါင်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်အား လာရောက်တွေ့ဆုံ

၁။    ၂၀၁၄  ခုနှစ် ဧပြီလ ၂၅ ရက် သောကြာနေ့ နံနက် ၁၀ နာရီတွင် GIZ for Support to ASEAN Supreme Audit Institutions မှ Mr. Alexander Beetz ဦးဆောင်သည့် အဖွဲ့သည် GIZ (Myanmar) မှ Mr. Shmin အဖွဲ့နှင့် ပူးပေါင်း၍ နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမတွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်အား လာရောက်တွေ့ဆုံပါသည်။၂။    ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် GIZ အဖွဲ့တို့ တွေ့ဆုံရာတွင် ပုဂ္ဂလိက ကုမ္ပဏီများ၊ ဘဏ်များ၊ စီးပွားရေး အဖွ့ဲအစည်းများက နိုင်ငံတကာစာရင်းစံများနှင့် ဘဏ္ဍာရေးအစီရင်ခံခြင်း စံများကို လိုက်နာကျင့်သုံးရေး၊ စာရင်းစစ်များက နိုင်ငံတကာ စာရင်းစစ်စံများ လိုက်နာကျင့်သုံးရေးကို တွန်းအားပေးဆောင်ရွက်ရန် အတွက်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံစာရင်းကောင်စီ နှင့် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းများအသင်းတို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ရေးနှင့် ယင်းသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ  Action Plan များဖြင့် စနစ်တကျ ဆောင်ရွက်ရေး၊ အရည်အချင်းပြည့်ဝသည့် စာရင်းပညာရှင်များ ပိုမိုထွက်ပေါ်လာရေး၊ တိုးတက်သည့် နည်းပညာများရရှိရေး၊အရည်အချင်းပြည့်မှီသည့် စာရင်းစစ်ဝန်ထမ်းများ လေ့ကျင့်ပျိုးထောင်ပေးရေးနှင့် နိုင်ငံတကာ စာရင်းပညာရှင် အဖွ့ဲအစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများ လေ့လာပူးပေါင်းဆောင်ရွက်ရေး၊ study visit ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။၃။    အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။