ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်အား လန်ဒန် အခြေစိုက် Global Witness အဖွဲ့မှ Dr.Gavin Hayman, Executive Director ဦးဆောင်သည့် အဖွဲ့သည် ၂၀၁၄ ခုနှစ် ဧပြီလ ၃ ရက် နံနက် ၁၀း၀၀ နာရီတွင်နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က စာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးများ၏ တာဝန်များ၊ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ရာ Dr. Gavin Hayman နှင့် Mrs.Juman Kubba တို့မှ တွင်းထွက်သယံဇာတ အရင်းအမြစ်ဆိုင်ရာ လုပ်ငန်းများ ပွင်းလင်းမြင်သာမှု ဖော်ဆောင်ရေး(EITI) နှင့်စပ်လျဉ်းပြီး Global Witness အဖွဲ့မှ ေေေေေ ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ပူးပေါင်းဆောင်ရွက်ရေးအတွက် လိုအပ်သည်များကို ညှိနှိုင်းခဲ့ကြပါသည်။အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ဒုတိယ စာရင်းစစ်ချုပ်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။
