၁။ ၂၀၁၃ ခုနှစ်၊ဧပြီလ(၁၁)ရက်နံနက် ၁၀း၀၀နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေး ခန်းမ၌ ဌာနတွင်းကြီးကြပ်ကွပ်ကဲမှုနှင့်ဌာနတွင်းစာရင်းစစ်ဆေးခြင်း အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် တက်ရောက်၍ သင်တန်း ဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/ သင်တန်းသူ(၈၇)ဦး တက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် က အောက်ပါအချက်များ ကို မှာကြားခဲ့ပါသည်-
- သင်တန်းသားများအနေဖြင့် ဝန်ကြီးဌာနအသီးသီးအောက်ရှိ အစိုးရဌာန/ အဖွဲ့အစည်းများ၏ သာမန်အသုံးစရိတ်များနှင့် ငွေလုံးငွေရင်းအသုံးစရိတ်များ ကို ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေနှင့်အညီစစ်ဆေးပေးရမည်ဖြစ်ပြီး ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေများကို ပြည်သူများ၏ အကျိုးစီးပွားအတွက် ထိထိရောက် အသုံးပြုခြင်းရှိ/မရှိ စစ်ဆေးကြရန်ဖြစ်ကြောင်း ၊
- သင်တန်းမှသင်ကြားပေးသော ပညာရပ်များကိုအသုံးချပြီး ဌာန၏စာရင်းထားနည်း စနစ်များ၊ ဘဏ္ဍာရေးနှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကြီးကြပ်မှုစနစ်တို့ကို ဝေဖန် သုံးသပ်ခြင်းများ၊ ချမှတ်ထားသော ပေါ်လစီများ၊ လျာထားချက်များ၊ လုပ်ထုံးလုပ်နည်းများကို ဆန်းစစ်ကြည့် ခြင်းများ၊ ဌာနပိုင်ပစ္စည်းများ ၊ ယိုဖိတ်မှု ၊ ဆုံးရှုံးနစ်နာမှုများမရှိစေရန် စီမံဆောင်ရွက်ထားမှု များကို ဆန်းစစ်ကြည့်ခြင်းများ စသောအချက်များဖြင့် ဌာနတွင်းကြီးကြပ်မှုစနစ် ပိုမိုပီပြင် ခိုင်လုံအောင် ထောက်ပြ စိစစ်ကြရန် လိုအပ်ကြောင်း ၊
- ဝန်ကြီးဌာနအသီးသီးအောက်ရှိ အစိုးရဌာန/အဖွဲ့အစည်းများတွင် ထိရောက်သည့် ဌာနတွင်း ကြီးကြပ်ကွပ်ကဲမှု နှင့် ဌာနတွင်းစာရင်းစစ်ဌာနကို ပီပီပြင်ပြင် ဖွဲ့စည်းဆောင်ရွက်နိုင်ရန် အတွက် သင်တန်းသား/သူများမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ပံ့ပိုးကူညီဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ သင်တန်းမှပို့ချပေးသော ပညာရပ်များအပြင် အချိန်နှင့်တပြေးညီ တိုးတက် သစ်ဆန်းနေသော စာရင်းကိုင်၊ စာရင်းစစ်အတတ်ပညာများ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ ဝန်ထမ်း စည်းမျဉ်းများကိုလည်း စဉ်ဆက်မပြတ် လေ့လာသိရှိမှတ်သားကြပြီး သက်ဆိုင်ရာဝန်ကြီးဌာန များ၏ ဘဏ္ဍာရေးဆိုင်ရာ၊အရအသုံးငွေစာရင်းဆိုင်ရာများတွင် တည့်မတ်ကူညီဆောင်ရွက် ကြသည့်၊ သက်ဆိုင်ရာဝန်ကြီးဌာနများက အားကိုးရသည့်ဝန်ထမ်းများအဖြစ် အစဉ်ရပ် တည်နိုင်အောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊
၄။ သင်တန်းဆင်းပွဲ အခမ်းအနားကို နံနက် ၁၁း၃၀ နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။
