OFFICE OF THE AUDITOR GENERAL OF THE UNION

 

အလယ်အလတ်အဆင့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၉၁) သင်တန်းဖွင့်ပွဲ အခမ်းအနား

၁။ ၂၀၁၃ ခုနှစ်၊မေလ(၈)ရက်နံနက် ၁၀း၀၀နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ သင်တန်းကျောင်း၌ အလယ်အလတ်အဆင့် စာရင်းကိုင်နှင့်ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၉၁) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့် တက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန် အမှာစကား ပြောကြားခဲ့ပါသည်။

၂။ အဆိုပါအခမ်းအနားသို့ ညွန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူး ၊ ကထိကများနှင့် သင်တန်းသား/သင်တန်းသူ (၉၂) ဦး တက်ရောက်ကြပါသည်။

၃။ အခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့် မှ
- သင်တန်းကပို့ချတဲ့ စာရင်းပိုင်း၊ငွေကြေးပိုင်း နှင့်ပတ်သက်၍ တတ်သင့်တတ်ထိုက်သည့် ပညာရပ်များသင်ကြားရန် မိခင်ဌာနများမှ စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း
- မိမိကိုယ်တိုင်တတ်မြောက်အောင် ကြိုးစား၍ ဌာနအတွက်အကျိုးရှိစွာ အသုံးချ ရန်လိုအပ် ကြောင်း
- သင်တန်းဆင်းအရည်အချင်းသတ်မှတ်ချက်အဆင့် ကို သာမန်အထက်၊ သာမန်၊ သာမန်အောက် ဟူ၍ အဆင့်(၃)ဆင့်ခွဲ၍ ထုတ်ပြန်မည်ဖြစ်ပြီး မိခင်ဌာနကို အသိပေး အကြောင်းကြားသွားမည် ဖြစ်ကြောင်း
- စီမံခန့်ခွဲမှု၊သင်ကြားပို့ချမှုများနှင့် ပတ်သက်၍ လိုအပ်လျှင် အကြံပြုနိုင်ပါကြောင်း လမ်းညွှန်မှာ ကြားခဲ့ပါသည်။

၄။ သင်တန်းဆင်းပွဲ အခမ်းအနားကို နံနက် ၁၁း၀၀ နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။