OFFICE OF THE AUDITOR GENERAL OF THE UNION

 

၂၀၁၂ - ၂၀၁၃ ပညာသင်နှစ် ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) သင်တန်း ဆင်းပွဲ အခမ်းအနား

၁။ ၂၀၁၃ ခုနှစ်၊ မတ်လ(၂၀)ရက် နံနက် ၁၀း၀၀နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမ၌ ) ၂၀၁၂ - ၂၀၁၃ ပညာသင်နှစ် ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် တက်ရောက်၍ သင်တန်း ဆင်းလမ်းညွန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများ နှင့် သင်တန်းသား/သူ (၁၅၂) ဦး တက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်က လမ်းညွှန်မှာကြားရာ တွင်-
- သင်တန်းသားများအနေဖြင့် ဒီပလိုမာစာရင်းကိုင်ဘွဲ့ရရှိပြီးပါက စာရင်းပညာကျွမ်းကျင်သူ အဖြစ် အသိအမှတ်ပြု လက်မှတ်ရရှိမည်ဖြစ်ပါကြောင်း ယခုစာမေးပွဲတွင် ထူးချွန် စွာ အောင် မြင်ပါက စာရင်းပညာရှင်အဖြစ်အသိအမှတ်ပြုသည့် လက်မှတ်ရပြည်သူ့ စာရင်းကိုင် သင်တန်းသို့ တက်ရောက်ရန်အခွင့်အရေးများရရှိမည်ဖြစ်ပါကြောင်း
- ခေတ်မီတိုးတက်လာပြီဖြစ်သော မြန်မာ့စီးပွားရေးတွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာမည်ဖြစ်သည့်အတွက် နိုင်ငံတကာစာရင်းပညာရှင်များနှင့် ရင်ဘောင် တန်းနိုင်အောင် အရည်အချင်းပြည့်မီအောင် ကြိုးစားကြစေလိုကြောင်း
- သင်တန်းသားများအနေဖြင့် သင်တန်းတွင်ပို့ချသော ကျောင်းစာ၊သင်ခန်းစာတွေကို သာမက လက်တွေ့စာရင်းနယ်ပယ်မှအတွေ့အကြုံများ ၊ဗဟုသုတများ၊ လုပ်ထုံးလုပ်နည်း များဖြင့်ပေါင်းစပ်၍ အချိန်နှင့်တပြေးညီတိုးတက်သစ်ဆန်းနေသော စာရင်းပညာရပ်များကို စဉ်ဆက်မပြတ်လေ့ကျင့်သင်ကြား ကြိုးစားပြီး၊ထူးချွန်ထက်မြက်သော၊နိုင်ငံတော်အတွက် အားထားရသော စာရင်းပညာကျွမ်းကျင်သူများအဖြစ် မြင်တွေ့လိုပါကြောင်း လမ်းညွှန်   မှာကြားပါသည်။
၄။ သင်တန်းဆင်းပွဲ အခမ်းအနားကို နံနက် ၁၁း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။