OFFICE OF THE AUDITOR GENERAL OF THE UNION

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ADB Country Director ဦးဆောင်သော ADB Mission အဖွဲ့အား လက်ခံတွေ့ဆုံ

၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ADB မှ Country Director Mr. Newin Sinsiri ဦးဆောင်သော အဖွဲ့အား ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့ နေ့လယ် ၂း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။ ထိုသို့ တွေ့ဆုံရာတွင် ADB မှ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအား ကူညီထောက်ပံ့ ပေးနေသည့် Technical Assistance အခြေအနေ၊ Quality Assurance for Audit နှင့် ADB ငွေကြေးထောက်ပံ့မှုစီမံကိန်းများ စစ်ဆေးရန်အတွက် Outsourcing ပြုလုပ်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

၃။ အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။